ဟွိုင်လန်းရဲ့ သွင်းဂိုးများနဲ့ တန်ဟက်ဂ်ရဲ့ ရည်ရွယ်ရာ

ဟွိုင်လန်းရဲ့ သွင်းဂိုးများနဲ့ တန်ဟက်ဂ်ရဲ့ ရည်ရွယ်ရာ
Photos: AFP & X
Photos: AFP & X
Published 17 February 2024
Wai Yan Aung

ပြန်လည်ဦးမော့လာတဲ့ မန်ယူအသင်းမှာ ချီးကျူးရမယ့်ကစားသမားတွေ သုံးလေးဦးမက ရှိနေပေမဲ့ ဒီအချိန်မှာ အထင်ရှားဆုံးဖြစ်နေတာကတော့ တိုက်စစ်မှူး ဟွိုင်လန်းပါပဲ။ အသက်(၂၁)နှစ်စွန်းစွန်းသာရှိသေးတဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟွိုင်လန်းက မန်ယူအသင်းရဲ့ ပျောက်ဆုံးနေတဲ့ တိုက်စစ်မြားဦးကို ပြန်မြင်တွေ့ရသလိုလည်း ဖြစ်စေခဲ့ပါတယ်။ ဟွိုင်လန်းက ဝေဖန်မှုတွေကို ကြံ့ကြံ့ခံဖြတ်သန်းရင်း သူ့အစွမ်းအစကို သက်သေပြခဲ့သူလည်းဖြစ်ပါတယ်။ အတ္တလန်တာအသင်းကနေ Add-ons ကြေးအပါအဝင် ပေါင် (၇၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းက မန်ယူအသင်းမှာ ခရစ္စမတ်ရောက်တဲ့အထိ ပရီးမီးယားလိဂ်ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဝေဖန်ပြစ်တင်မှု၊ လှောင်ပြောင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်(၅)ပွဲဆက် ဂိုးသွင်းနိုင်သူဖြစ်နေခဲ့ပါပြီ။ မန်ယူအသင်းနောက် ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲမှာ ဟွိုင်လန်းက (၅)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး အဲဒီ(၅)ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့တာပါ။

 

Most Read

Most Recent