အိမ်ရှင် အိုင်ဗရီကို့စ်၊ ရေပန်းအစားဆုံး နိုင်ဂျီးရီးယားနဲ့ ၂၀၂၃ အာဖရိကနိုင်ငံများဖလား

အိမ်ရှင် အိုင်ဗရီကို့စ်၊ ရေပန်းအစားဆုံး နိုင်ဂျီးရီးယားနဲ့ ၂၀၂၃ အာဖရိကနိုင်ငံများဖလား
Photos: AFP
Photos: AFP
Published 7 February 2024
Zay Yar Htun

ဆီမီးဖိုင်နယ်ရောက်အသင်းတွေကိုကြည့်ရင်လည်း နိုင်ဂျီးရီးယားကလွဲလို့ ကျန်(၃)သင်းက အရမ်းအားကောင်းနေတာမျိုး မရှိဘူး။ နိုင်ဂျီးရီးယားက ဆီမီးဖိုင်နယ်ရောက်အသင်းတွေထဲမှာ ရေပန်းအစားဆုံးဖြစ်ပြီး အင်အားအတောင့်တင်းဆုံးအသင်းလည်းဖြစ်တယ်။ တောင်အာဖရိကလို အင်အားအနည်းဆုံးအသင်းနဲ့ တွေ့ဆုံနေတာကြောင့်လည်း အိမ်ရှင်အိုင်ဗရီကို့စ်ထက် နိုင်ဂျီးရီးယားအသင်း ရေပန်းပိုစားနေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဘိုနီဖေ့စ်ဒဏ်ရာရခဲ့ပေမဲ့ အိုဆင်မန်နဲ့ လွတ်ခ်မန်းတို့က အသင်းရဲ့တိုက်စစ်ကို အကောင်းဆုံးဦးဆောင်နေတယ်။ ဒါ့အပြင် ဖူလ်ဟမ် နောက်ခံလူ ဘက်ဆေးဦးဆောင်တဲ့ ခံစစ်ကအတော့်ကို တည်ငြိမ်မှုရှိတာ တွေ့ရတယ်။ ပေးဂိုး (၁)ဂိုးသာရှိ တဲ့ ခံစစ်ကို တောင်အာဖရိကအသင်းအနေနဲ့ ဖြိုလှဲနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ နိုင်ဂျီးရီးယားကြယ်ပွင့် တိုက်စစ်မှူး အိုဆင်မန်ကတော့ ချန်ပီယံဆုအတွက် မိမိတို့ အနေနဲ့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါးခဲ့ပြီး (၁၀)နှစ်အကြာဝေးကွာနေတဲ့ ချန်ပီယံဆုဖလားကို နိုင်ဂျီးရီးယား အသင်း ပြန်လည်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

 

Most Read

Most Recent