တရားမျှတမှုကို မျှော်လင့်နေကြသည့် တူရကီငလျင်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများ

တရားမျှတမှုကို မျှော်လင့်နေကြသည့် တူရကီငလျင်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူများ
Photo:AFP
Photo:AFP
Published 4 February 2024

လွန်ခဲ့သည့်တစ်နှစ်က တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် ၎င်း၏မိသားစု ဝင်အားလုံးနီးပါးကို ဆုံးရှုံးခဲ့ရသည့် ဇာဟီဒီဆီကာသည် မိမိကိုယ်ကိိုယ် သေကြောင်းကြံစည်ရန် အကြိမ် ပေါင်းများစွာ ကြိုးစားခဲ့သည်။

ယင်းအစား အသက် ၄၈ နှစ်အရွယ်ဆီကာသည် တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့ပြီး ကာရာမန်မာရက်စ်မြို့ငလျင်၏ ဗဟိုချက်အနီးရှိ ၎င်းနေထိုင်ရာ အဆောက်အအုံပြိုကျမှုအတွက် တာဝန်ရှိသူကို လိုက်လံရှာဖွေကာ  အရေးယူရန်ကြိုးပမ်းခဲ့သည်။

“တရားမျှတမှုမရခင်အချိန်အထိ ဆိတ်ဆိတ်နေသွားမှာမဟုတ်ပါဘူး” ဟု ဆီကာက ပြောကြားခဲ့ပြီး သူ သည် လက်ရှိတွင် ငလျင်လှုပ်ခတ်ခဲ့သော ပြည်နယ် ၁၁ ခုအတွင်း အသက်ရှင်ကျန်ရစ်သူ သိန်းပေါင်းများစွာအတွက် ယာယီနေထိုင်ရန်နေရာအဖြစ် စီစဉ်ပေးထားသော သေးငယ်သည့် ကွန်တိန်နာအိမ်များထဲမှတစ်ခုတွင် နေထိုင်လျက်ရှိသည်။

ဆီကာသည် ကာရာမန်မာရက်စ်မြို့ရှိ အက်ဘ်ရာအဆောက်အအုံတွင် နေထိုင်ခဲ့သည်။ ယင်းနေရာသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်အရုဏ်မတက်မီ ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၄ဝဝဝခန့် သေဆုံးခဲ့သည့် ရှစ်ထပ်အဆောက်အအုံအစု၏ အလယ်တွင်တည်ရှိသည်။

ယင်းမြို့လယ်ခေါင်တွင် အဆောက်အအုံ ၇၅၀၀ နီးပါးပြိုကျခဲ့ပြီး ထိုအချိန်က နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကယ်ဆယ်ရေးသမားများသည် အခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့သည်။

ဆီကာသည် ခြောက်ရက်မြောက်နေ့တွင် လက်ဗလာဖြင့် ၎င်း၏ကလေးနှစ်ဦး အလောင်းကိုဆွဲထုတ်ခဲ့သည်။

“ကျွန်မရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲကနေ ကလေးတွေကိုဆွဲထုတ် ခေါ်ဆောင်သွားပါတယ်။တစ်နှစ်  တောင်ကြာခဲ့ပြီ။ ဒီစိတ်ဒဏ်ရာတွေကို မခံစားနိုင်တော့ဘူး။ကျွန်မအကြိမ်ပေါင်းများစွာ သေချင်စိတ်ပေါ် ခဲ့ပါတယ်”ဟုဆီကာက ဆိုသည်။

“အခုချိန်မှာ တရားမျှတမှုပဲ ကျွန်မကို ဖြေသိမ့်နိုင်မှာပါ”ဟု၎င်း ကဆိုသည်။

လူပေါင်း ၅၀,၀၀၀ ကျော်သေဆုံးခဲ့သည့် ယင်းသဘာဝဘေးအန္တ ရာယ်သည် ရာစုနှစ်ပေါင်းများစွာအတွင်း တူရကီ၏ လူသေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်ခဲ့သည်။

သမ္မတရီဆပ်တေးရစ်အာဒိုဂန်က ယင်းလူသေဆုံးမှုများအတွက်  ပေါ့ဆစွာ ဆောက်လုပ်သည့်ကန်ထ ရိုက်တာများအပေါ် ပြစ်တင်ပြောကြားခဲ့ပြီ ၎င်းတို့သည် စျေးသက်သာသော ကွန်ကရစ်ကိုအသုံးပြုသည့်အပြင် အခြေခံဆောက်လုပ်ရေးစံနှုန်းများကို လျစ်လျူရှုခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက် ကန်ထရိုက်တာနှင့် အိမ်ခြံမြေကုမ္ပဏီမှ လူအယောက် ၂၀၀ ကျော်ကို ဖမ်း ဆီးခဲ့သည်။အချို့မှာ ပြည်ပသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အစ္စတန်ဘူလ်လေဆိပ်တွင် ဖမ်းဆီးခံခဲ့ ရသည်။

သို့သော် နစ်နာသူမိသားစုများ၏ ရှေ့နေများက အပျက်အစီးများကို မြေထိုးစက်များဖြင့် ရှင်းလင်းသည့်အခါ သက်သေအများအပြား ပျောက်ကွယ်သွားနိုင်သည့်အတွက် ကန်ထရိုက်တာများ လွတ်မြောက် သွားဖွယ်ရှိသည့်အပေါ် စိုးရိမ်လျက်ရှိကြသည်။

အဆောက်အအုံ ခွင့်ပြုမိန့်အတည်ပြုခြင်းနှင့်ဘေးကင်းလုံခြုံမှု စုံစမ်းစစ်ဆေးပြီးကြောင်းအတည်ပြု လက်မှတ်ထိုးပေးသည့် အများပြည်သူတာဝန်ရှိသူများကို စုံစမ်းစစ်ဆေးမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အတူ လုပ်ဆောင်သွားဖွယ်ရှိနေသည်။

ခင်ပွန်း၊ သမီးနှင့်အဖွားဖြစ်သူတို့ကို ဆုံးရှုံးခဲ့သော နီဘာဟတ်ပါကာလာအမည်ရှိ အမျိုးသမီးကသူသည် ကန်ထရိုက်တာများကို မတည်ငြိမ်သော မြေမျက်နှာပြင်တွင် တည်ဆောက်မှုနှင့် ဘေးကင်းလုံခြုံရေးစံ နှုန်းများကို ချိုးဖောက်နေကြောင်း သတိပေးခဲ့သည်ဟု ဆိုသည်။

“သူတို့(ကန်ထရိုက်တာ)တွေကို ကျွန်မသတိပေးတော့ သူတို့တွေ က ကျွန်မရဲ့သားကို ခြိမ်းခြောက်ပါ တယ်”ဟုပါကာလာက ဆိုသည်။

အကြီးတန်းကန်ထရိုက်တာ တက်ဗ်ဖစ်တီပီဘာဆီက သူသည် ဆောက်လုပ်ရေးနှင့်ပတ်သက်၍ မည်သည့်အရာမျှမသိရှိခြင်းကြောင့် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းမခံရသင့်ကြောင်း တရားရုံးတွင်ထွက်ဆို မှုအပေါ် တူရကီမီဒီယာတွင်ဖော်ပြခဲ့ရာ လူအများ စိတ်တိုဒေါသဖြစ်ခဲ့ကြသည်။

သူသည် ပေါ့ဆမှုကြောင့်လူသေဆုံးမှု သို့မဟုတ်ဒဏ်ရာရမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထောင်ဒဏ် ၂၂နှစ်ခွဲအထိ ချမှတ်ခံရနိုင်သည်။

၎င်း၏မိဘများနှင့် အသက်ကိုးနှစ်အရွယ် သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရသည့် အသက် ၂၉နှစ်အရွယ်ဂမ်ဇီ ဘီလ်ဂျီနာဒိုဂန်က ယခုလအစောပိုင်းတွင် ပြုလုပ်သည့် ဒုတိယအကြိမ် ကြားနာမှုသို့ စိတ်လှုပ်ရှားစွာဖြင့် လာရောက်ခဲ့သည်။

“တီပီဘာဆီ မလွတ်မြောက်ရေးအတွက် ကျွန်မဒီကို ရောက်ရှိနေတာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။

          Ref:AFP

 

Most Read

Most Recent