ဝတ်စုံစပွန်ဆာအတွက် Foxx  နှင့် ရှမ်းယူနိုက်တက်အသင်း သဘောတူညီမှုရရှိ

ဝတ်စုံစပွန်ဆာအတွက် Foxx  နှင့် ရှမ်းယူနိုက်တက်အသင်း သဘောတူညီမှုရရှိ
Photo: Shan United Facebook
Photo: Shan United Facebook
Published 28 January 2024

 

မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ဝတ်စုံစပွန်ဆာအတွက် Foxx Sports Myanmar နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ကာလရှည်လက်တွဲခဲ့သည့် Pro Sports နှင့် ယခုနှစ်ဆန်းပိုင်းတွင် လမ်းခွဲပြီးနောက် ဝတ်စုံစပွန်ဆာအသစ် ရှာဖွေခဲ့ရာ Foxx Sports Myanmar နှင့် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ 

Foxx Sports Myanmar အနေဖြင့် ရှမ်းယူ နိုက်တက်အသင်း၏ ပြိုင်ပွဲကန်ဝတ်စုံများ၊ လေ့ကျင့်ရေးဝတ်စုံများ၊ အခြားဝတ်စုံများကို ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး မတ်လတွင်စတင်ကျင်းပမည့် MNL Cup 2024 ပြိုင်ပွဲတွင် စတင်ဝတ်ဆင်ကစားမည်ဖြစ်သည်။ 

Foxx Sports Myanmar အနေဖြင့် ရှမ်းယူနိုက်တက်အသင်းအတွက် ဂျာစီဒီဇိုင်းအသစ်များ ရေးဆွဲပေးမည်ဖြစ်ပြီး မကြာမီ ဝတ်စုံအသစ်အား မိတ်ဆက်ပေးမည်ဖြစ်ကြောင်း သိရသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆု ငါးကြိမ်ရရှိထားသည့် အသင်းလည်းဖြစ်သည်။

Most Read

Most Recent