■ စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 January 2024

အတ္တလန်တာ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၈:၃၀ နာရီ)

အတ္တလန်တာက ချန်ပီယံလိဂ်ဝင်ခွင့် ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး ခြေစွမ်းရော ရလဒ်ပိုင်းပါ အားရစရာကောင်းတယ်။ အူဒီးနီးစ်ကလည်း ထိပ်သီးတွေဆိုရင် ဒုက္ခပေးနိုင်တဲ့ ခြေစွမ်းမျိုးကို ပြသနေတဲ့အသင်းပါ။ အတ္တလန်တာ ကပ်နိုင်ဖို့ များတယ်။



ဂျူဗင်တပ်စ် - အမ်ပိုလီ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၁၁:၃၀ နာရီ)

ဂျူဗင်တပ်စ်က ချန်ပီယံဆုအတွက် ပွဲတိုင်းကို အမှားအယွင်းမရှိ၊ အမှတ်လေလွင့်မှုမရှိအောင် ဂရုတစိုက်ကစားနေတယ်။ ဗလာဟိုဗစ် ဂိုးမြူးနေတာ၊ မက်ကန်နီး၊ မီရတ်တီတို့လိုကစားသမားတွေ ခြေစွမ်းပြနေတာက အရမ်းအားရဖို့ ကောင်းတယ်။ အမ် ပိုလီကိုတော့ နောက်ဆုံးပွဲမှာ မွန်ဇာကို အနိုင်ရခဲ့ပေမဲ့ သိပ်ပြီး ယုံကြည်လို့ မရသေးဘူး။ ဂျူဗင်တပ်စ် အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ကိုပဲ စောင့်ကြည့်ရမယ်။



အေစီမီလန် - ဘိုလော့ဂ်နာ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် နံနက် ၂:၁၅ နာရီ)

အေစီမီလန်က ဘိုလော့ဂ်နာနဲ့တွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၁၆)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ အကျပိုင်းရောက်နေတဲ့အချိန်တွေမှာတောင် ဘိုလော့ဂ်နာနဲ့တွေ့ရင် အေစီမီလန်အသင်း ရလဒ်သိသိသာသာကောင်းခဲ့တာကို တွေ့ရတယ်။ ဒါ့အပြင် ဂျရူး၊ လီယာအိုတို့လိုကစားသမားတွေ အကောင်းဆုံးပုံစံ ပြနေတာကလည်း အေစီမီလန်အတွက် ကျေနပ်စရာပါပဲ။ ဘိုလော့ဂ်နာကတော့ ရာသီအစပိုင်းကလို မဟုတ်တော့ဘူး။ အမှတ်လေလွင့်မှုများလာပြီး နောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ အေစီမီလန် နိုင်မယ်။ (၁-၀၊ ၂-၀)လောက် ဖြစ်နိုင်တယ်။

Most Read

Most Recent