■ လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၂) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 January 2024

ဆိုစီဒက် - ဗယ်လက်ကာနို (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၇:၃၀ နာရီ)

ဗယ်လက်ကာနိုရဲ့ခြေစွမ်းက ဒီရာသီ ပုံမှန်မရှိဘူး။ အခုတလောမှာလည်း အကျဘက်ကိုပြန်ပြနေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နှစ်သစ်မှာ အားပြန်ထည့်ပြီး အမှတ်ရှာလာနေတဲ့ ဆိုစီဒက်ကိုပဲ ကြိုက်တယ်။ ဂိုးလည်း များသွားနိုင်တယ်။



လက်ပါမားစ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၄၅ နာရီ)

၂၀၂၄ ထဲအဝင်မှာ ရီးယဲလ်ရဲ့ ခံစစ်ကစားပုံနည်းနည်း ပြန်လျော့သွားသလိုပဲ။ ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက် ရီးယဲလ်ခံစစ်က (၁၁) ဂိုးအထိခွင့်ပြုခဲ့ရပြီး တစ်ပွဲပျမ်းမျှ (၂)ဂိုးနှုန်းလောက် ပေးနေရတယ်။ လက်စ်ပါမားစ်ကလည်း တန်းတက်အသင်းပေမဲ့ လာလီဂါအဆင့်မီအောင် ကစားပြနေတယ်။ အိမ်ကွင်းက စားအားလည်းကောင်းတယ်။ စပိန်ဘုရင့်ဖလားက ထွက်လိုက်ရပြီးနောက် လာလီဂါနောက်ဆုံး (၂)ပွဲစလုံးကိုအနိုင်ကစားပြီး ပေးဂိုးလည်းမရှိခဲ့ဘူး။ ရီးယဲလ်က လက်ရှိအချိန်မှာ ပွဲဆက်များပြီး အနည်းငယ်ပွဲပန်းနေပုံရတယ်။ ပြီးခဲ့တဲ့ အယ်မယ်ရီယာနဲ့ အိမ်ကွင်းပွဲမှာတောင် နိုင်ပွဲရဖို့ နောက်ကနေမနည်းလိုက်ကစားခဲ့ရတယ်။ ဒီပုံ ဒီခြေစွမ်းနဲ့ဆိုရင်တော့ လက်စ်ပါမားစ်ကွင်းမှာ ရုန်းကန်ရဦးမှာသေချာတယ်။ ရီးယဲလ် အလွယ်တကူနိုင်ဖို့မရှိလို့ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။



ဘာစီလိုနာ - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၁၂:၀၀ နာရီ) 

ဘက်တစ်ကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့လို့ ဘာစီလိုနာ စိတ်ဓာတ်ပြန်အားကောင်းနေနိုင်တယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဂိုးတွေရအောင် ပြန်ကစားလာနိုင်တာကလည်း အသင်းအတွက် အားဆေးတစ်ခွက်လိုဖြစ်နေတယ်။ ဗီလာရီးယဲလ်ကလည်း နည်းပြတွေသာပြောင်းသွားတယ်။ အသင်းကစားပုံက တက်မလာဘူး။ အခုလက်ရှိ မာဆယ်လီနိုလက်ထဲမှာလည်း ဗီလာရီးယဲလ်ရဲ့ အဝေးကွင်းခံစစ်ကစားပုံနဲ့ခံစစ်ပိုင်းက အားနည်းချက်တွေရှိနေတုန်းပါပဲ။ ဒါကြောင့် လက်ရှိမှာ ယုံကြည်မှုပြန်မြင့်နေတဲ့ ဘာစီလိုနာရဲ့ တိုက်စစ်အားကို ဗီလာရီးယဲလ်ခံစစ် ပွဲချိန်ပြည့်တောင့်ခံနိုင်ဖို့မရှိပါဘူး။ ထိပ်ဆုံးအသင်းတွေနဲ့ အမှတ်ကွာဟချက်လျှော့ချရမယ့်အချိန်၊ ဥရောပပွဲတွေ ဝင်မလာသေးချိန်မှာ ဘာစီလိုနာ အခုပွဲမျိုးကို အာရုံစိုက်ပါလိမ့်မယ်။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ကြိုက်တယ်။



မာယော့ကာ - ဘက်တစ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် နံနက် ၂:၃၀ နာရီ)

ခုနောက်ပိုင်း မာယော့ကာကစားပုံက ပိုကျစ်လျစ်လာသလိုတွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက အရင်လိုပြန်မာကျောလာတာတွေ့ရလို့ အဝေးကွင်းဂိုးရဖို့ခက်နေတဲ့ ဘက်တစ်တိုက်စစ် ရုန်းကန်ရဖို့ရှိနေတယ်။ ဂိုးအနည်း သရေပွဲလို့ပဲ ထင်တယ်။

Most Read

Most Recent