အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်အတွက် အများဆုံး ကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်အတွက် အများဆုံး ကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးမည်
ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ကရင်ပြည်နယ် သံတောင်ကြီးဒေသရှိ ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 23 January 2024

အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်အတွက် ချေးငွေ အများဆုံး ကျပ် ၁၀ သန်းမှ သန်း ၁၀၀ အထိ  သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း အ သေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၀(ဂ)တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊အငယ်စားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကို နိုင်ငံတော်၏မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီးဖြစ်သည်။ အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိအ သေးစား၊အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ၏ ရင်းနှီးငွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ခြင်းဖြစ်သည်။

MSME ချေးငွေ ထုတ်ချေးရာတွင် ဦးစားပေးလုပ်ငန်းများ သတ်မှတ်ထားသည်။ အဆိုပါလုပ်ငန်းများမှာ (က)တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ (ခ)နိုင်ငံ၏ ပို့ကုန်ဝငွေတိုးတက်စေသည့်လုပ်ငန်းများ၊ (ဂ)ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ထုတ်လုပ်သောလုပ်ငန်းများ၊(ဃ)သွင်းကုန် အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ (င)ပြည်သူများ၏ အလုပ်အကိုင်ရရှိရေးဖန်တီး ပေးနိုင်သည့်လုပ်ငန်းများ၊ (စ)စွမ်းအင်ချွေ တာရေးလုပ်ငန်းများ၊(ဆ) လုပ်ငန်းအတွင်း စွန့်ပစ်ရေဆိုးများအား ထိန်းသိမ်းခြင်းနှင့်ပတ်ဝန်းကျင် အန္တရာယ်ကျရောက်မှုမှ ကင်းဝေးရန် ဆောင်ရွက်မည့်လုပ်ငန်းများ၊(ဇ)ပြည်သူ များ၏ ကျန်းမာရေးကိုကာကွယ်စောင့်ရှောက် ရေးမြှင့်တင်နိုင်သည့်လုပ်ငန်းများဖြစ်သည်။

MSME လုပ်ငန်းတစ်ခုကို အများဆုံး ထုတ်ချေးမည့်ပမာဏအနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းအတွက် အများဆုံးကျပ် ၁၀ သန်း၊ အငယ်စားစီးပွားရေးလုပ်ငန်းအတွက် အများဆုံးကျပ်သန်း ၅၀၊ အလတ်စားစီး ပွားရေးလုပ်ငန်းအတွက် အများဆုံးကျပ်သန်း ၁၀၀ ဖြစ်သည်။ ချေးငွေများကို မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်) အခြားအာမခံကုမ္ပဏီတစ်ခုခု၏ CGI စနစ်ဖြင့် ရယူထုတ်ချေးလိုပါက မြန်မာ့အာမခံလုပ်ငန်း (သို့မဟုတ်)အခြား အာမခံကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟုလည်း သိရသည်။

ချေးငွေများအတွက် အတိုးနှုန်းအနေဖြင့် Fixed Capital အနည်းဆုံး ရာခိုင်နှုန်း ၃၀ နှင့်အထက် အသုံးပြုမည့်ချေးငွေအတိုးနှုန်း တစ်နှစ်လျှင် သုံးရာခိုင်နှုန်းနှင့် ချေးငွေသက်တမ်းအများဆုံးသုံးနှစ်ဖြစ်သည်။ Working Capital (၁၀၀%)အသုံးပြုမည့်ချေးငွေအတိုးနှုန်း တစ်နှစ်လျှင်လေးရာခိုင်နှုန်းနှင့် ချေးငွေသက်တမ်း အများဆုံးတစ်နှစ်ခြောက်လဖြစ်သည်။ CGI စနစ်ဖြင့်ထုတ်ချေးမည့် ချေးငွေအတိုးနှုန်းတစ်နှစ်လျှင် ငါးရာခိုင် နှုန်းဖြစ်သည်။ (CGI စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါအတိုးနှုန်း တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအပြင် မြန်မာ့အာမခံလုပ်ငန်း(သို့မဟုတ်) အခြားအာမခံကုမ္ပဏီတစ်ခုခု၏ ပရီမီယံကြေးနှုန်းကို ထပ်ဆောင်းကျခံရမည် ဖြစ်သည်။)

အဆိုပါချေးငွေများအတွက် အာမခံအနေဖြင့် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီချေးငွေလုံခြုံမှုအတွက် အာမခံပေးအပ်ရမည်ဖြစ်သည်။

Most Read

Most Recent