လီဗာပူးလ်သို့ ဆာလာ ပြန်လာရန် ကလော့ပ် ဆန္ဒရှိ

လီဗာပူးလ်သို့ ဆာလာ ပြန်လာရန် ကလော့ပ် ဆန္ဒရှိ
Photo : Getty Images
Photo : Getty Images
Published 22 January 2024

ကြွက်သားဒဏ်ရာရရှိနေသည့် အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို အသင်းသို့ အဆောတလျင် ပြန်လာစေရန် ဆန္ဒရှိနေကြောင်း လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်က ဝန်ခံခဲ့သည်။

အသက် (၃၁)နှစ်ရှိပြီဖြစ်သည့် တိုက်စစ်ကစားသမား ဆာလာသည် ဇန်နဝါရီ (၁၈)ရက်က ဂါနာအသင်းနှင့်ကစားသည့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဆာလာသည် ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး မြက်ခင်းပေါ်လဲကျသွားပြီးနောက် ဆေးကုသမှုခံယူ ခဲ့ရသည်။ အီဂျစ်အသင်းဆေးအဖွဲ့က ၎င်းအနေဖြင့် ဆက်မကစားနိုင်တော့ဟု ဆုံးဖြတ်ခဲ့သောကြောင့် ပထမပိုင်းမပြီးခင် (၄၅+၂)မိနစ်တွင် လူစားလဲခဲ့ရခြင်း ဖြစ်သည်။

ဆာလာ၏ဒဏ်ရာမှာ လီဗာပူးလ်အသင်း ပရိသတ်များအတွက်လည်း စိုးရိမ်စရာဖြစ်စေခဲ့ကြောင်း သိရသည်။ ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် (၁၄)ဂိုးနှင့် ပြိုင်ပွဲစုံတွင် (၁၈)ဂိုးအထိသွင်းယူကာ ခြေစွမ်းပြကစားနေသူဖြစ်သည်။

Most Read

Most Recent