နော်တင်ဟမ်ဖောရက်စ်ရဲ့ ပေါ်တူဂီ ဂရီးလစ်ရှ်

နော်တင်ဟမ်ဖောရက်စ်ရဲ့ ပေါ်တူဂီ ဂရီးလစ်ရှ်
Photos: X
Photos: X
Published 10 August 2024
Taw Lynn

ဘာနာဒိုဆေးလ်ဗားဆိုရင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဂျိုတာဆေးလ်ဗားနဲ့ တွေ့ဆုံပြီးနောက် Selfie ရိုက်ပြီး သူ့ရဲ့မန်စီးတီးအသင်းဖော် ဂရီးလစ်ရှ်ဆီ ဓာတ်ပုံပို့ကာ စနောက်ခဲ့တဲ့ အထိပါပဲ။ ဒါပေမဲ့ ဂျိုတာဆေးလ်ဗားရဲ့ဆရာဟောင်း ဖာရဲရားကတော့ ဂရီးလစ်ရှ်နဲ့ ဂျိုတာဆေးလ်ဗားတို့ဟာ လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဆိုတယ်။ "ဂရီးလစ်ရှ်နဲ့ ဂျိုတာဆေးလ်ဗားကို တူတယ်လို့ နှိုင်းယှဉ်မှုတွေ ဘယ်လိုပဲရှိရှိ သူတို့နှစ်ဦးဟာ လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ ဂရီးလစ်ရှ်က ကစားကွက်တည်ဆောက်ရာမှာ အလွန်အသုံးဝင်သူဖြစ်ပြီး ဂျိုတာဆေးလ်ဗားကတော့ အဆုံးသတ်သေချာတဲ့ ကစားသမားပါ။ ဂျိုတာဆေးလ်ဗားက ဘောလုံးကွင်းအတွင်းမှာ အနည်းဆုံး မီတာ (၂၀) လောက် ပြေးလွှားကစားသူပါ။ ပြီးတော့ သူက ဂိုးဧရိယာနဲ့ အနီးတစ်ဝိုက်မှာ ကစားရတာကို နှစ်သက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်းမှာ အရမ်းတိုးတက်လာခဲ့ပြီး ကွင်းအတွင်း တခြားနေရာတွေမှာ ကစားနိုင်ခဲ့ပါတယ်။ အခုတော့ သူက ပိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ"လို့ ဖာရဲရားက ဆိုတယ်။ ပြီးတော့ ဖာရဲရားက ဂျိုတာဆေးလ်ဗားဟာ တောင်ပံကစားသမားအဖြစ် ကစားပေမဲ့ သူ့ရဲ့အကောင်းဆုံးနေရာက တိုက်စစ်မှူးနေရာနဲ့ နောက်ချန်တိုက်စစ်နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

မတ်လက ကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲ ပေါ်တူဂီ (၅-၂) ဆွီဒင်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ဂိုးသွင်းပြီး ဘာနာဒိုဆေးလ်ဗားနဲ့အတူ ခြေစွမ်းပြခဲ့တယ်။ ဒါပေမဲ့ ဂီမာရေ့စ်မှာ ကစားတဲ့ အဲဒီပွဲရဲ့ ပွဲချိန် (၆၃) မိနစ်မှာ ကျောနံပါတ် (၁၁) လူစားဝင် ကစားချိိန်မှာမှ ကွင်းအတွင်းပရိသတ်တွေရဲ့အားပေးသံ ဆူညံသွားတာပါ။ ဗစ်တိုးရီးယားဒီဂီမာရေ့စ် အသင်းရဲ့ ဒေသခံသူရဲကောင်း ဂျိုတာဆေးလ်ဗား ကွင်းထဲဝင်လာချိန်မှာ ပရိသတ်ထောင်ပေါင်းများစွာ မတ်တပ်ရပ်ပြီး လက်ခုပ်တီးအားပေးကြတယ်။ ဗစ်တိုးရီးယားဒီဂီမာရေ့စ်တောင်ပံကစားသမား က ပရိသတ် (၃၀၀၀၀) ကျော်ရှေ့မှောက်မှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့ပြီး အပျော်ကြီး ပျော်နေရှာတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်ကဆို ဂျိုတာဆေးလ်ဗားက ပရိသတ် (၃၀၀) ရှေ့မှာတောင် မကစားဖူးသူပါ။ "သူ့ရဲ့ဖြတ်သန်းမှုက လူတိုင်းအတွက် အတုယူစရာပါပဲ"လို့ ဆွီဒင်နဲ့ပွဲအပြီးမှာ ပေါ်တူဂီလက်ရွေးစင်နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပြောတယ်။ ဂျိုတာဆေးလ်ဗားရဲ့ ကစားသမားဘဝဖြတ်သန်းမှုက တကယ်လည်း ခက်ခဲတယ်။  အသက် (၁၉) နှစ်မှာ ဆေးလ်ဗားက ပေါ်တူဂီအောက်တန်းလိဂ်မှာ ကစားတုန်းဖြစ်ပြီး လစာ ယူရို (၁၅၀)ပဲ ရတယ်။ သူကတော့ ဂတ်စ်ဖိုးအတွက်လို့ပဲဆိုတယ်။ အခု အသက် (၂၅) နှစ်မှာတော့ ဆေးလ်ဗားရဲ့ဘဝ လုံးဝပြောင်းလဲသွားပါပြီ။ ဆေးလ်ဗားဟာ ဆီမီး ပရိုကနေ အခုဆို ပရီးမီးယားလိဂ်ထိ ရောက်လာခဲ့ပြီ။ "လွန်ခဲ့တဲ့ (၅) နှစ်က ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ဂျိုတာဆေးလ်ဗား ကစားရလိမ့်မယ်။ နော်တင်ဟမ်ဖောရက်စ်လို သမိုင်းဝင်ပရီးမီးယားလိဂ်အသင်းကို ပြောင်းရွှေ့ခွင့်ရမယ်လို့ ကျွန်တော် စိတ်တောင်မကူးဖူးပါဘူး"လို့ SC အက်စ်ပင်ညိုအသင်းက ဂျိုတာဆေးလ်ဗားရဲ့လက်ဦးဆရာ ဂျော်အိုဖာရဲရားက ဆိုတယ်။ "သူ ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမဲ့ သူ ဘယ်အထိသွားနိုင်မယ်ဆိုတာကို လုံးဝခန့်မှန်းလို့ မရပါဘူး" လို့လည်း ဖာရဲရားက ဆိုတယ်။ ပေါ်တူဂီမှာတော့ သူ့ကို မန်စီးတီးရဲ့ အင်္ဂလန်ကြယ်ပွင့်ကစားသမား ဂရီးလစ်ရှ်နဲ့ ဆင်တူတာကြောင့် "ပေါ်တူဂီဂရီးလစ်ရှ်"လို့ သမုတ်ကြတယ်။ ဆေးလ်ဗားက ဂရီးလစ်ရှ်နဲ့ သူ့အကြား ဆံပင်ပုံစံထက် ပိုပြီးတူတယ်ဆိုတာကို သက်သေပြချင်နေတယ်။ ဆေးလ်ဗားက ဂရီးလစ်ရှ်လိုပဲ ဆံပင်ပုံစံထားပြီး ခေါင်းစည်းအသုံးပြုတယ်။ သူက ဂရီးလစ်ရှ်နဲ့တူချင်လို့ ထားတာမျိုးမဟုတ်ဘဲ ကို ဗစ်ကာလမှာ ဆံပင်ညှပ်ဖို့အဆင်မပြေတာကြောင့် ထားရင်းနဲ့ အဲဒီပုံစံဖြစ်သွားခဲ့တာပါ။ "ကျွန်တော်  သူ့(ဂရီးလစ်ရှ်)ကို အရမ်းကြိုက်ပါတယ်။ ဒီတော့ သူနဲ့ နှိုင်းယှဉ်ခံရတာ ကျွန်တော့်အတွက် အရမ်းကောင်းတာပေါ့။ လူတွေက ကျွန်တော်တို့တူတယ်လို့ ပြောကြတယ်။ အထူးသဖြင့် ဆံပင်ပုံစံကြောင့်ပေါ့။ ဒါပေမဲ့ ကစားသမားအနေနဲ့ဆိုရင် ကျွန်တော်က သူ့ထက် နည်းနည်းပိုကောင်းတယ်လို့ ထင်ပါတယ်"လို့ ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဆေးလ်ဗားက ရယ်ရင်း ပြောပြဖူးတယ်။

အမြဲတမ်းကြိုးစားနေသူ

ဂျိုတာဆေးလ်ဗားက ကစားသမားဘဝအစမှာ ညာနောက်ခံလူအဖြစ်ရော ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့သူပါ။ သူဟာ ပေါ်တူဂီပဥ္စမတန်းကလပ် Sousense အသင်းမှာ ညာနောက်ခံလူအဖြစ် တောင်ပံတစ်လျှောက် တက်ဆင်းကစားခဲ့တာပါ။ တိုက်စစ်ကို အားသန်လွန်းတာကြောင့် သူဟာ နောက်ပိုင်းမှာ တိုက်စစ်မှူးအဖြစ်တောင် ကစားခဲ့ရပြီး နောက်ဆုံးမှာတော့ တောင်ပံကစားသမား ဖြစ်လာခဲ့တယ်။ ပေါ်တူဂီရဲ့ထိပ်တန်းအကယ်ဒမီ တစ်ခုက ထွက်လာပေမဲ့ ထိပ်တန်းကစားသမား ဖြစ်ဖို့ဆိုတာ အလွန်ခက်ခဲပြီး ကစားသမားအနည်းငယ်လောက်ပဲ အဲဒီလိုဖြစ်လာတာပါ။ လီဗာပူးလ်ရဲ့ ဒီယေဂိုဂျိုတာနဲ့ မန်ယူရဲ့ ဘရူနိုဖာနန်ဒက်စ်တို့ က အဲဒီလိုလုပ်နိုင်တဲ့ ကစားသမားအနည်းငယ်ထဲမှာ ပါဝင်ပါတယ်။ အခု နော်တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ခွင့်ရခဲ့တဲ့ ဆေးလ်ဗားရဲ့ဘဝက အ ခက်အခဲတွေနဲ့ပါ။ ဆေးလ်ဗားဟာ ကစားသမားဘဝမှာ ဒုက္ခတွေအများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ငယ်စဉ်မှာပဲ ခြေထောက်ကျိုးခဲ့သလို၊ ပါကို့စ်ဒီဖာရီရာအကယ်ဒမီကလည်း လပိုင်းအတွင်းမှာပဲ နှင်ထုတ်ခံခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေကပဲ သူ့ ကို စိတ်ပိုင်းဆိုင်ရာ သန်မာလာအောင် သင်ပေးခဲ့ပြီး အောင်မြင်မှုကို ဆာလောင်တဲ့ ကစားသမားဖြစ်စေခဲ့တာပါ။ "ကျွန်တော်တို့ အမြဲတမ်းလိုလို တနင်္ဂနွေ နေ့တိုင်း ပွဲကစားရတယ်။ ဒီတော့ တနင်္လာနေ့မှာ လေ့ကျင့်ခန်းပြန်လုပ်တဲ့အခါ ပွဲကစားခဲ့တဲ့သူတွေ ကို အပေါ့စားလေ့ကျင့်ခန်းတွေပဲ လုပ်ခိုင်းလေ့ရှိ တယ်။ ပွဲမကစားခင် စနေနေ့မှာလည်း အဲဒီလိုပါ ပဲ။ ဒါပေမဲ့ ဆေးလ်ဗားကတော့ နေ့တိုင်း ဗုဒ္ဓဟူးနေ့လိုပဲ အပြင်းအထန်လေ့ကျင့်လေ့ရှိတယ်။ နောက်နေ့မှာ ပွဲရှိတာက သူ့အတွက် ပြဿနာ မဟုတ်ပါဘူး။ သူက ပြိုင်ဘက်ခြေထောက်နဲ့ ကန်တဲ့အချိန်မှာတောင် ခေါင်းနဲ့ပစ်ဝင်တတ်သူပါ။ Sousense ကနေ အက်စ်ပင်ညိုအသင်းကို ကျွန်တော်တို့ သူ့ ကို ခေါ်တော့မှပဲ သူဟာ ပရော်ဖက်ရှင်နယ်အဆင့်မှာ စကစားဖူးတာပါ။ ဒီတော့ အစပိုင်းမှာ သူ့ကို အလှည့်ကျကစားသမားအဖြစ်ပဲ ကျွန်တော်တို့အသုံးပြုခဲ့တယ်။ ဒါပေမဲ့ သူဟာ စကစားကတည်းက အသင်းအတွက် သက်ရောက်မှုရှိခဲ့ပြီး သူဟာ အလှည့်ကျကစားသမားမဟုတ်ကြောင်း အလျင်အမြန်ပဲ သက်သေပြနိုင်ခဲ့ပါတယ်"လို့ ဖာရဲရားက ဆိုတယ်။ 

    

ဂရီးလစ်ရှ်နဲ့ ခြားနားသူ 

ဆေးလ်ဗားဟာ အက်စ်ပင်ညိုအသင်းမှာလည်း သိပ်မကြာလိုက်ပါဘူး။ တစ်ရာသီကစားပြီး နောက်မှာ သူဟာ Leixoes အသင်းကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီကနေ Casa Pia အသင်းထံသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာတော့ ဗစ်တိုးရီးယား ဒီဂီမာရေ့စ်အသင်းကို ရောက်ရှိခဲ့တာပါ။ ပေါ်တူဂီရဲ့ ဒုတိယတန်းကလပ်ဖြစ်တဲ့ Casa Pia အသင်းမှာ ကစားတုန်းက ဆေးလ်ဗားကို အင်္ဂလန်ကြယ်ပွင့်ကစားသမား ဂရီးလစ်ရှ်နဲ့ နှိုင်းယှဉ်တာတွေ စတင်ခဲ့ပြီး အဲဒီကတည်းက အခုအချိန်ထိ နှိုင်းယှဉ်ခံနေရတာပါ။ ဘာနာဒိုဆေးလ်ဗားဆိုရင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ဂျိုတာဆေးလ်ဗားနဲ့ တွေ့ဆုံပြီးနောက် Selfie ရိုက်ပြီး သူ့ရဲ့မန်စီးတီးအသင်းဖော် ဂရီးလစ်ရှ်ဆီ ဓာတ်ပုံပို့ကာ စနောက်ခဲ့တဲ့ အထိပါပဲ။ ဒါပေမဲ့ ဂျိုတာဆေးလ်ဗားရဲ့ဆရာဟောင်း ဖာရဲရားကတော့ ဂရီးလစ်ရှ်နဲ့ ဂျိုတာဆေးလ်ဗားတို့ဟာ လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ဆိုတယ်။ "ဂရီးလစ်ရှ်နဲ့ ဂျိုတာဆေးလ်ဗားကို တူတယ်လို့ နှိုင်းယှဉ်မှုတွေ ဘယ်လိုပဲရှိရှိ သူတို့နှစ်ဦးဟာ လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ ဂရီးလစ်ရှ်က ကစားကွက်တည်ဆောက်ရာမှာ အလွန်အသုံးဝင်သူဖြစ်ပြီး ဂျိုတာဆေးလ်ဗားကတော့ အဆုံးသတ်သေချာတဲ့ ကစားသမားပါ။ ဂျိုတာဆေးလ်ဗားက ဘောလုံးကွင်းအတွင်းမှာ အနည်းဆုံး မီတာ (၂၀) လောက် ပြေးလွှားကစားသူပါ။ ပြီးတော့ သူက ဂိုးဧရိယာနဲ့ အနီးတစ်ဝိုက်မှာ ကစားရတာကို နှစ်သက်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်းမှာ အရမ်းတိုးတက်လာခဲ့ပြီး ကွင်းအတွင်း တခြားနေရာတွေမှာ ကစားနိုင်ခဲ့ပါတယ်။ အခုတော့ သူက ပိုပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ"လို့ ဖာရဲရားက ဆိုတယ်။ ပြီးတော့ ဖာရဲရားက ဂျိုတာဆေးလ်ဗားဟာ တောင်ပံကစားသမားအဖြစ် ကစားပေမဲ့ သူ့ရဲ့အကောင်းဆုံးနေရာက တိုက်စစ်မှူးနေရာနဲ့ နောက်ချန်တိုက်စစ်နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖာရဲရားက "သူက တောင်ပံကစားသမားအဖြစ် ကစားလေ့ရှိပေမဲ့ သူ့အတွက် အကောင်းဆုံးနေရာကတော့ တိုက်စစ်မှူးအဖြစ် ကစားတာလို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ သူဟာ အဆုံးသတ်သေချာသူဖြစ်လို့ တိုက်စစ်မှူးအဖြစ် ကစားနိုင်ခဲ့သလို၊ နောက်ချန်တို်က်စစ်မှူးအဖြစ် ကစားနိုင်သူပါ။ သူဟာ ဂိုးဧရိယာထဲမှာ ဂိုးတွေဘယ်လိုသွင်းရမယ်ဆိုတာကို ကောင်းကောင်းသိတဲ့ အဆုံးသတ်သမားကောင်းတစ်ဦးဖြစ်ပြီး လေထဲမှာလည်း အရမ်းအသုံးဝင်သူပါ။ ဒါပေမဲ့ ဆေးလ်ဗားရဲ့ အရပ်အမောင်းက (၅) ပေ (၁၀) လက်မပဲရှိလို့ တခြား နည်းပြတွေကတော့ သူ့ကို တိုက်စစ်မှူးအဖြစ်ထက် တောင်ပံတွေမှာ အသုံးပြုတာကိုပဲ သဘောကျကြတယ်"လို့ ဆိုတယ်။ 

ဂျိုတာဆေးလ်ဗားဟာ ဗစ်တိုရီးယားဒီဂီမာရေ့စ်အသင်းအတွက် (၂) ရာသီအတွင်း ပြိုင်ပွဲစုံ (၈၃) ပွဲ ကစားခဲ့ရာမှာ ဂိုး (၂၀) သွင်းပြီး ဂိုးဖန်တီး မှု (၁၁) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ ဂျိုတာဆေးလ်ဗားဟာ ဗစ်တိုရီးယားဒီဂီမာရေ့စ်အသင်းရဲ့ အချစ်တော်လေးအဖြစ် အသင်းကထွက်ခွာပြီး နော်တင်ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့လာခဲ့ပါပြီ။ နော်တင်ဟမ်ဖောရက်စ်အသင်းက ဂျိုတာဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေး ယူရို (၇) သန်းပဲ ပေးခဲ့ရတာပါ။ နော်တင်ဟမ်ဖောရက်စ်အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေကတော့ ဂျိုတာဆေးလ်ဗားအနေနဲ့ ရာသီသစ်မှာ သူတို့အတွက် ဗစ်တိုရီးယားဒီဂီမာရေ့စ်အသင်းမှာလိုပဲ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ပေါ်တူဂီ ဂရီးလစ်ရှ်လို့ ခေါ်ဝေါ် ကြတဲ့ ဂျိုတာဆေးလ်ဗားအနေနဲ့ ရာသီသစ်မှာ မန်စီးတီးနဲ့ အင်္ဂလန် ကြယ်ပွင့်ကစားသမား ဂရီးလစ်ရှ်ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်မလားဆိုတာကိုတော့ မကြာခင် မြင်တွေ့ခွင့်ရတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent