နုုိင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ဘရာဇီးသံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံအကြား နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး

နုုိင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ဘရာဇီးသံအမတ်ကြီး တွေ့ဆုံ၍ နှစ်နိုင်ငံအကြား နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး
Published 19 January 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ် H.E.Mr.Gustavo Rocha de Menezes တို့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက် အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော လေကြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အားကစားနှင့် နည်းပညာဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-ဘရာဇီး နှစ်နိုင်ငံအကြား နိုင်ငံရေးရာ ဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent