ပဲလေ့စ်နဲ့အတူ တောက်ပလာတဲ့ အိုလီဆေး

ပဲလေ့စ်နဲ့အတူ တောက်ပလာတဲ့ အိုလီဆေး
Photos: Getty Images
Photos: Getty Images
Published 17 January 2024
Zay Yar Htun

သူက ပြင်သစ်၊ အင်္ဂလန် သွေးနှောကစားသမားတစ်ယောက်ဖြစ်ပြီး လန်ဒန်မြေမှာ ကြီးပြင်းခဲ့တယ်။ ငယ်ရွယ်စဉ်ကတည်းက ဘောလုံးကို ရူးသွပ်စွာ ကစားတတ်သူလည်းဖြစ်တယ်။ ငယ်ဘဝမှာ ပရီးမီးယားလိဂ်ထိပ်သီးအကယ်ဒမီတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ချက်စတာစီးတီး အစရှိတဲ့ အကယ်ဒမီတွေမှာ အိုလီဆေးတက် ရောက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ပရိုကစားသမားဘဝအစက ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ပဲ ဆိုရမယ်။ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေနဲ့ ပရိုစာချုပ်ချုပ်ဆိုခွင့် မရခဲ့ဘူး။ ရက်ဒင်းအသင်းနဲ့ ပရိုကစားသမားဘဝ စတင်ခဲ့တဲ့ အိုလီဆေးဟာ လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲမှာ တစ်ဦးချင်းထူးချွန်ဆုတွေ ရရှိခဲ့တယ်။ ဒါကြောင့်ပဲ ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလမှာ လန်ဒန်ကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကမ်းလှမ်းမှုခံခဲ့ရပြီး ပရိုကစားသမားဘဝ ပထမဆုံးအဖြစ် ပရီးမီးယားလိဂ်မှာ အိုလီဆေး ခြေချခွင့်ရရှိခဲ့တယ်။

 

Most Read

Most Recent