ဆန်ချို- တန်ဟက်ဂ် နှစ်ဖက်စလုံး ရှုံးတဲ့တိုက်ပွဲ

ဆန်ချို- တန်ဟက်ဂ် နှစ်ဖက်စလုံး ရှုံးတဲ့တိုက်ပွဲ
Photos: AFP
Photos: AFP
Published 17 January 2024
AK

ဆန်ချိုက လူမှုကွန်ရက်က ဓာတ်ပုံတွေကိုလည်း တင်ထားပြီးမှ ပြန်ဖျက်နေတာတွေ့ ရတယ်။ သူ့မှာ ဘယ်လိုပြဿနာတွေ ရှိနေတာလဲ။ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဟာ Depression ဝင်နေတာများလား။ ဆန်ချိုလို အဖြစ်မျိုး ရပ်ရှ်ဖို့ဒ်လည်း ရင်ဆိုင်ရဖူးတယ်။ ယူရို ၂၀၂၀ ဖိုင်နယ်မှာ ကံတရားတူညီစွာ ပယ်နယ်တီလွဲချော်ခဲ့သူတွေထဲ ဆာကာက အမြန်ဆုံးရုန်းထွက်နိုင်ပြီး ရပ်ရှ်ဖို့ဒ်က ပြန်လည်တည်ထောင်ရေး ကာလထဲ ပိတ်မိပြီးမှ ပြန်လည်လင်းပခဲ့ပါတယ်။ ဆန်ချိုကတော့ တစ်ကိုယ်တည်းအမှောင်ထဲ အထီးကျန်ဝိညာဉ်ဖြစ်နေဆဲပဲ။ ဒီနေရာမှာ အင်္ဂလန် ကစားသမားအများစုရဲ့ အောင်မြင်လွယ်လွန်း၊ ကျရှုံးလွယ်လွန်းတဲ့ အခြေအနေရယ် ပင်ကိုယ်စိတ်မခိုင်မာတာရယ်ဟာ အကျပ်အတည်းကာလရောက်ရင် ပိုပြီး ဒုက္ခများစေတာပါပဲ။ အင်္ဂလန် ကြယ်ပွင့်အများစုဟာ အောင်မြင်မှုဒဏ်မခံနိုင်ပါဘူး။ ကျရှုံးမှုဝဲဂယက်ထဲ နစ်မွန်းရင် ပြန်လည်ရုန်း မထွက်နိုင်ကြပါဘူး။ လူနေမှုပုံရိပ်တွေကလည်း အင်္ဂလန်ကစားသမားတွေရဲ့ ဖြစ်တန်စွမ်းကို အကန့်အသတ် ဖြစ်စေတယ်။ ဆန်ချိုလည်း အဲဒီလို ဖြစ်ခဲ့တာများလား။

 

Most Read

Most Recent