အမျိုးသားရေးခံယူချက်ဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ၏ ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ဖော်ပြ

အမျိုးသားရေးခံယူချက်ဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ကြောင်း နစကဥက္ကဋ္ဌ၏ ကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာတွင် ဖော်ပြ
ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြဝတီ မြို့ ကရင့်နှစ်သစ်ကူးကွင်းတွင် ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နှင့် ကောက်သစ်စားပွဲတော် မင်္ဂလာ အခမ်းအနား
ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြဝတီ မြို့ ကရင့်နှစ်သစ်ကူးကွင်းတွင် ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ နှင့် ကောက်သစ်စားပွဲတော် မင်္ဂလာ အခမ်းအနား
Published 11 January 2024

အမျိုးသားရေးခံယူချက်ဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံးဝအထိ ခိုက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ခရစ်နှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ သလေး (စကောကရင်) (၁) ရက်နေ့နှင့် ထိုင်ခေါက်ဖို (ပိုးကရင်) (၁) ရက်နေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခု ပြာသိုလဆန်း ၁ ရက်နေ့တွင်ကျ ရောက်သည့် ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့ သည့်သဝဏ်လွှာတွင် နစကဥက္ကဋ္ဌ ထိုသို့ရေး သား ဖော်ပြထားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ယခုအချိန်တွင် ကရင် ပြည်နယ် ဒေသအချို့အပါအဝင် နိုင်ငံတော် အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့်ပြည်သူအားလုံး ဘက်ပေါင်းစုံမှ များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိပါ ကြောင်း၊ အမှန်တရားအပေါ်အခြေမပြုဘဲ ပြည်တွင်းပြည်ပ သွေးထိုးမြှောက်ပင့်မှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများနှင့် တိုက်ပွဲများ၏ ဆိုးကျိုးနှင့် ဆင်းရဲဒုက္ခကို လက်တွေ့ခံစားနေ ရသူများမှာ တိုင်းရင်းသားပြည်သူများသာ ဖြစ်ကြောင်း၊ အသက်ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်ရပြီး စားဝတ်နေရေး၊ ကျန်း မာရေး၊ ပညာရေး စသည့်ဘက်ပေါင်းစုံတွင် အခက်အခဲများစွာကို ရင်ဆိုင်နေကြရ ကြောင်း၊  အချိန်ကာလကြာမြင့်စွာ အချိန်ယူ တည်ဆောက်ခဲ့ရသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုများမှာ ပျက်စီးဆုံးရှုံးပြီး မူလအ ခြေအနေပြန်လည်ရရှိရန် အချိန်ကာလ၊ လူ အင်အား၊ ငွေအင်အား ဘက်ပေါင်းစုံမှ ကြိုး စားတည်ဆောက်ရမည်ဖြစ်ကြောင်း သဝဏ် လွှာတွင် ရေးသားထားသည်။

ထို့ပြင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိ ပက္ခများကြောင့် ပျက်စီးဆုံးရှုံးသွားသမျှသော အသက်ခန္ဓာများနှင့် အရာဝတ္ထုအားလုံးမှာ မိမိတို့နိုင်ငံ၏ အဖိုးတန်အရင်းအမြစ်များ ပင်ဖြစ်ကြောင်း၊  တည်ငြိမ်အေးချမ်းမှုမရှိ သော နေရာဒေသသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုကင်းဝေးလျက် ဒေသခံတိုင်း ရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝမှာ လည်း နိမ့်ကျလျက်ရှိနေမည်ဆိုသည့်အချက် ကိုအားလုံးက သတိပြုအလေးအနက်ထား စေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒို့တာဝန်အရေး သုံးပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုး သားရေးခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းသုံး ရပ်ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်း ဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်း ဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည် မဟုတ်ပါ ကြောင်း အလေးအနက်ပြောကြားလိုကြောင်း နစကဥက္ကဋ္ဌက ရေးသားထားသည်။

နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အ စဉ်ထာဝရ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး အ ခက်အခဲမှန်သမျှကို လက်နက်ကိုင်လမ်းစဉ် ဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွဲဖြေရှင်းဆောင်ရွက်နိုင်ပါရန် တိုင်း ရင်းသား အဖွဲ့အစည်းများအားလုံးကို အမြဲ လက်ကမ်းဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုကြောင်း၊ ယနေ့ မိမိတို့နိုင်ငံအတွက် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အ တွက် ကရင်ပြည်နယ်အပါအဝင် တိုင်းရင်း သား ပြည်သူအားလုံးက ၀ိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်မှသာလျှင် ခေတ် မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အ လယ်တွင်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊မိမိတို့နေထိုင်ရာဒေသများတွင် တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက် လာအောင် အချင်းချင်း ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပြီး တိုင်းရင်းသားအားလုံး စည်း လုံးညီညွတ်စွာဖြင့် ပြည်ထောင်စုကြီး အေး ချမ်းသာယာဝပြောရေး ဆောင်ရွက်ကြကာ နိုင်ငံနှင့်ပြည်သူအကျိုးကို အကောင်အထည် ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းနှိုး ဆော်ကြောင်း နစကဥက္ကဋ္ဌက သဝဏ်လွှာ တွင် ရေးသားထားသည်။

မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအားလုံး ပူးပေါင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည် သူများအတွက် တည်ငြိမ်အေးချမ်း ရေးနှင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင် ရွက်ပေးလျက်ရှိသကဲ့သို့ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူ ရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ၎င်းင်းမှတစ်ဆင့် ခေတ်မီနည်းစနစ် များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အ ခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ၏ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

Most Read

Most Recent