တောက်ပနေဆဲ ရွှေအိုရောင်

တောက်ပနေဆဲ ရွှေအိုရောင်
Photo : Getty Images
Photo : Getty Images
Published 1 January 2024
El Nino

၂၀၂၃ ခုနှစ်ရဲ့ (၅၄)ဂိုးမြောက်ကို အယ်လ်နာဆာအသင်းအတွက် သွင်းယူပေးအပြီးမှာ စီရော်နယ်လ်ဒိုက "ကျွန်တော် ရှေ့ဆက်သွားမှာပါ။ ကျွန်တော် ပျော်ရွှင်နေပါတယ်။ နောက်နှစ်မှာ အခုလို ထပ်လုပ်နိုင်အောင် ကျွန်တော် ကြိုးစားသွားဦးမှာပါ" လို့ ဆိုခဲ့ပါတယ်။ ဒါက စီရော်နယ်လ်ဒိုရဲ့ စိတ်ဓာတ်ခွန်အားကို လှစ်ဟပြလိုက်တဲ့စကားလို့လည်း ဆိုနိုင်ပါတယ်။ စီရော်နယ်လ်ဒိုက အောင်မြင်တဲ့ ဘောလုံးသမားဘဝကို စိတ်ဓာတ်ခွန်အားနဲ့ တည်ထောင်ခဲ့သူလို့ ဆိုနိုင်ပါတယ်။ သူက အောင်နိုင်လိုစိတ် ပြင်းထန်သူဖြစ်ပြီး လက်တွေ့အောင် မြင်မှုရရှိအောင် ကြိုးစားအားထုတ်ခဲ့သူလည်းဖြစ်ပါတယ်။

 

Most Read

Most Recent