■ IFFHS နှင့် Globe Soccer တို့မှ ချီးမြှင့်သည့် ၂၀၂၃ အတွက် အကောင်းဆုံးတိုက်စစ်ကစားသမားဆုများကို စီရော်နယ်လ်ဒို ရရှိမည်

■ IFFHS နှင့် Globe Soccer တို့မှ ချီးမြှင့်သည့် ၂၀၂၃ အတွက် အကောင်းဆုံးတိုက်စစ်ကစားသမားဆုများကို စီရော်နယ်လ်ဒို ရရှိမည်
Photo: Getty Images
Photo: Getty Images
Published 29 December 2023

အယ်လ်နာဆာအသင်းမှ နာမည်ကျော် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် IFFHS နှင့် Globe Soccer တို့မှ ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးတိုက်စစ်ကစားသမားဆုများကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

    

နိုင်ငံတကာဘောလုံးသမိုင်းနှင့် အချက်အလက်များကို စုဆောင်းမှတ်တမ်းတင်နေသည့် IFFHS သည် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုး အများဆုံးသွင်းယူနိုင်သည့် ကစားသမားကို အကောင်းဆုံးတိုက်စစ်ကစားသမားဆု ချီးမြှင့်ခြင်းဖြစ်သည်။ 

IFFHS World's Best Top Goal Scorer ဟုအမည်ရသည့် အဆိုပါဆုကို ၂၀၂၀ ခုနှစ်တွင်မှ စတင်ချီးမြှင့်ခြင်းဖြစ်သော်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိကိုလည်း နောက်ကြောင်းပြန်ချီးမြှင့်ခဲ့သည့်အတွက် စီရော်နယ်လ်ဒိုသည် ယခုနှစ်အပါအဝင် (၅)ကြိမ်ရရှိပြီး ဆုအများဆုံးရရှိသည့် ကစားသမား ဖြစ်လာခဲ့သည်။  

စီရော်နယ်လ်ဒိုသည် ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၂၃ ခုနှစ်များတွင် IFFHS  ၏ အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။

    

Globe Soccer ကလည်း ၂၀၂၁ ခုနှစ်တွင် တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သည့်ကစားသမားကို Maradona Award ဟူ သည့်အမည်ဖြင့် ဆုတံဆိပ်အသစ် ဖန်တီးချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် စီရော်နယ်လ်ဒို ရရှိမည်ဖြစ်သည်။ 

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အတွင်းတွင် (၅၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အတွက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent