■ ယာဂန်ကလော့ပ်နဲ့ အာတီတာရဲ့ ခရစ္စမတ်အဆုံးအဖြတ် စိန်ခေါ်ပွဲ     

■ ယာဂန်ကလော့ပ်နဲ့ အာတီတာရဲ့ ခရစ္စမတ်အဆုံးအဖြတ် စိန်ခေါ်ပွဲ     
Photo: Getty Images
Photo: Getty Images
Published 22 December 2023
Wai Yan Aung

ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)က ခရစ္စမတ်မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ် ဖြစ်တာကြောင့် ခရစ္စမတ်ကို ဘယ်အသင်း အမှတ်ပေးဇယားထိပ်ဆုံးကနေ ကြိုဆိုခွင့်ရမလဲဆိုတာ အဆုံးအဖြတ်ပေးမယ့်ပွဲစဉ် ဖြစ်နေပါတယ်။ အနောက်တိုင်းသားတွေကတော့ ခရစ္စမတ်သစ်ပင်ရဲ့ထိပ်မှာ ရပ်တည်နိုင်ခြင်းအဖြစ် သုံးနှုန်းကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ၁၉၉၂-၉၃ ရာသီမှာ စ တင်ခဲ့တာဖြစ်လို့ စုစုပေါင်း(၃၁)ရာသီ ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ အဲဒီထဲက (၁၆)ရာသီမှာ ခရစ္စမတ်ကာလ အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရပ်တည်နိုင်တဲ့အသင်းတွေ ရာသီကုန်မှာ ဗိုလ်စွဲခဲ့ကြပါတယ်။ တစ်ဝက်လောက်က လွဲခဲ့တာကြောင့် ဒီအချက်က မထူးခြားဘူးလို့ဆိုနိုင်ပေမဲ့ နောက်ဆုံး(၁၄)ရာသီကို ပိုင်းခြားကြည့်လိုက်ရင်တော့ ခရစ္စမတ်မှာ ထိပ်ဆုံးရောက်ခဲ့တဲ့အသင်းတွေ ရာသီကုန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်တာ (၁၀)ကြိမ်တောင် ရှိခဲ့တာကြောင့် အခုနောက်ပိုင်း ခရစ္စမတ်မှတ်တမ်းက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးနိုင်သလို ဖြစ်လာတာတော့ အမှန်ပါပဲ။

 

Most Read

Most Recent