■ စူပါလိဂ်ကို ရပ်တန့်အောင် ကြိုးပမ်းမည်မဟုတ်ဟု UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် ဆို     

■ စူပါလိဂ်ကို ရပ်တန့်အောင် ကြိုးပမ်းမည်မဟုတ်ဟု UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် ဆို     
Photo: Getty Images
Photo: Getty Images
Published 22 December 2023

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ဥရောပစူပါလိဂ်ပြိုင်ပွဲကို ရပ်တန့်အောင် ကြိုးပမ်းမည် မဟုတ်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ 

ရီးယဲလ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်စ်တို့ ဦးဆောင်ကာ ပရိသတ်အခိုင်အမာရှိထားသည့် ထိပ်သီးအသင်းများသာပါဝင်သော ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပရန် ၂၀၂၁ ခုနှစ်တွင် စတင်စီစဉ်ခဲ့သော်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) တို့၏ ကန့်ကွက်မှုကြောင့် ဥရောပတရားရုံးတွင် အဆုံးအဖြတ်ခံယူရသည့်အခြေအနေအထိ ရောက်ရှိခဲ့ပြီး ယခုအခါ ကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် ဥရောပစူပါလိဂ်ပြိုင်ပွဲအား ပုံဖော်ရန်တည်ထောင်ထားသည့်  A22 ကုမ္ပဏီက ဥရောပစူပါလိဂ်ပြိုင်ပွဲကို အမျိုးသားအသင်း(၆၄)သင်း၊ အမျိုးသမီးအသင်း(၃၂)သင်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ အမျိုးသားပြိုင်ပွဲတွင် Star ၊ Gold နှင့် Blue ဟူ၍ အတန်း(၃)တန်းခွဲခြားကာ တန်းတက်တန်းဆင်းစနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယခင်က ဥရောပစူပါလိဂ်ပြိုင်ပွဲ မပေါ်ပေါက်အောင် ကြိုးပမ်းခဲ့ဖူးသည့် UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်က ယခုအခါ စူပါလိဂ်ကို ရပ်တန့်အောင် ကြိုးပမ်းမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"သူတို့ရဲ့ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြသခဲ့တဲ့အတွက် ကျွန်တော် အလွန်ပျော်ရွှင်မိပါတယ်။ သူတို့ကို ရပ်တန့်အောင် ကျွန်တော်တို့ ကြိုးပမ်းမှာမဟုတ်ပါဘူး။ ဘယ်တုန်းကမှလည်း မကြိုးပမ်းခဲ့ပါဘူး။ သူတို့ ဖြစ်ချင်တာကို ဖန်တီးလို့ရပါတယ်။ အသင်းနှစ်သင်းနဲ့ စိတ်လှုပ်ရှားစရာပြိုင်ပွဲတစ်ခု စတင်နိုင်ဖို့ လည်း မျှော်လင့်ပါတယ်။ ဘောလုံးက ရောင်းရန်မဟုတ်ပါဘူး။ ၂၀၂၁ တုန်းကလိုပဲ ကျွန်တော်တို့ရဲ့ ဘောလုံးအဖွဲ့အစည်းက ပြောင်းလဲသွားမှာမဟုတ်ပါဘူး"ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။

Most Read

Most Recent