မန်စီးတီးအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ အသင်းနဲ့ ဖလား(၃)လုံး အောင်မြင်မှု ရယူပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းပြောင်းဖို့ သတင်းကြီးခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ် ဘာနာဒိုကို ခေါ်ယူဖို့ PSG နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားခဲ့ပေမဲ့ မန်စီးတီးမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မိုနာကိုကနေ ရောက်လာပြီး (၆)ရာသီအတွင်းမှာ ဘာနာဒိုက မန်စီးတီးအတွက် ပွဲပေါင်း (၃၂၀) ကစားထားပြီး ဖြစ်ပါတယ်။ ပေါ်တူဂီမီဒီယာ RTP နဲ့ တွေ့ဆုံရာမှာ ဘာနာဒိုရဲ့စကားသံတွေကို ဖော်ပြလိုက်ပါတယ် . . .















