ဂျပန် ပင်လယ်တွင် အမေရိကန် စစ်လေယာဉ် ပျက်ကျသဖြင့် အနည်းဆုံး တစ်ဦး သေဆုံး

ဂျပန် ပင်လယ်တွင် အမေရိကန် စစ်လေယာဉ် ပျက်ကျသဖြင့် အနည်းဆုံး တစ်ဦး သေဆုံး
Photos:Reuters,CNN,BBC
Photos:Reuters,CNN,BBC
Published 29 November 2023
Ref:Reuters

လူခြောက်ဦးလိုက်ပါလာသော အမေရိကန် စစ်လေယာဉ်သည် နိုဝင်ဘာ ၂၉ ရက်က ဂျပန် နိုင်ငံ အနောက်ပိုင်းရှိ ပင်လယ်ထဲကို ပျက်ကျခဲ့ရာ အနည်းဆုံး လေယာဉ်အမှုထမ်းတစ်ဦး သေဆုံးသွားပြီး ရေထဲမှ ဆွဲတင်ခဲ့သော လေယာဉ်အမှုထမ်းနှစ်ဦး၏အ‌ခြေအနေကို သဲသဲကွဲကွဲ မသိရသေးဟုဆိုသည်။

ဂျပန်ကမ်းခြေစောင့်တပ်က တောင်ပံစွန်းများ၌ ပန်ကာပါသော အော့စ်ပရေးလေယာဉ်၏ အပျက်အစီးဖြစ်ပုံရသည့် အပျက်အစီးများကို တွေ့ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ယာကူရှီးမားကျွန်းမှ နှစ်မိုင်ခန့်အကွာတွင် လူတစ်ဦး သေဆုံးသွားသည်ဟု နောက်ပိုင်းတွင် ဂျပန်ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့သည်။

ယင်းနေရာတွင်ရှိနေသော ငါးဖမ်းသင်္ဘောများသည် အနီးနား ရေပြင်၌ လူသုံးဦးကိုတွေ့ခဲ့သည်ဟု ဒေသတွင်း ငါးလုပ်ငန်း သမဝါယမ၏ကိုယ်စားလှယ်ကပြောကြားခဲ့ပြီး ထိုလူသုံးဦး၏ အခြေအနေကို မသိရဟုဆိုသည်။

အခြား အော့စ်ပရေးလေယာဉ်သည် လေယာဉ်ပျက်ကျချိန် ဝန်းကျင်ဖြစ်သည့် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းလောက်တွင် ယာကူရှီးမားကျွန်းပေါ်ရှိ‌ လေဆိပ်ကို ဘေးကင်းစွာ ဆင်းသက်ခဲ့သည်ဟု ဒေသန္တရအစိုးရအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။

ယင်း‌ဒေသရှိ အမေရိကန် တပ်ဖွဲ့များက သတင်းများကို စုဆောင်းနေသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုသည် ဂျပန်တွင် အမေရိကန်စစ်သား ၅၄,၀၀၀ ခန့်ချထားသည်။ အဆိုပါ စစ်သားအများစုကို မဟာဗျူဟာအရ အရေးကြီးသော ဂျပန်ကျွန်းဆွယ်တောင်ပိုင်းတွင် ချထားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုသည် မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့သူများက ပြောကြားသည်။ ရာသီဥတုကြည်လင်ပြီး လေမပြင်းထန်သော်လည်း လေယာဉ်၏ဝဲဘက်အင်ဂျင် မီးလောင်ပြီး ‌အရေးပေါ်ဆင်းသက်ရန်လေဆိပ်ကို ချဉ်းကပ်လာစဉ် လေယာဉ်ပျက်ကျခြင်းဖြစ်သည်ဟု မီဒီယာက ဖော်ပြသည်။

Most Read

Most Recent