မြန်မာ-လာအို တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-လာအို တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 22 November 2023

 

တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် လာအို ပြည်သူ့တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာနအကြီးအကဲဖြစ်သူMajor General Khamphet Sisanon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ သည် နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်အတူ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ပြီး လာအိုပြည်သူ့တပ်မတော်မှ ထောက်ပံ့ပို့ဆောင်ရေးဌာနအကြီးအကဲနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent