ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် နိုင်ငံရေးပါတီ ၄၂ ပါတီ ရှိလာ 

ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် နိုင်ငံရေးပါတီ ၄၂ ပါတီ ရှိလာ 
Published 21 November 2023

ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီတို့ကို UEC က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ခွင့်ရရှိသည့် နိုင်ငံရေးပါတီ ၄၂ ပါတီ ရှိလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၅) ရပ်ကွက်၊ အောင်သုခလမ်း၊ တိုက် (၁၀၀/၁၀၁)၊ အခန်း (၁၀၁) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော ခေတ်သစ်ပြည်သူ့ပါတီနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၁) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်၊ အမှတ် (၃၃/၄၉) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသော လေဘာပါတီတို့ကို နိုဝင်ဘာ ၂၀ ရက်မှ စ၍ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ခေတ်သစ်ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၄၁ ဖြစ်ပြီး လေဘာပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၄၂ ဖြစ်ကြောင်း UEC က ဆိုသည်။ 

Most Read

Most Recent