တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်

တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်
Published 17 November 2023

တစ်နှစ်လျှင်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၃၈၆ သန်းထုတ်လုပ်နိုင်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေး ချောင်းပေါ်တွင်ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် ယခုအခါ စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရ သည်။

“သူဌေးရေအားလျှပ်စစ်စီမံကိန်း ပြီးစီးမှုအခြေအနေကတော့ ရေယူအဆောက်အအုံဆိုရင် ၂၀၂၃ ခုနှစ် သြဂုတ် ၂၃ ရက်က ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပါတယ်။ ပင်မတမံလုပ်ငန်းအနေနဲ့ ၇၉ ဒသမ ၁၉ ရာခိုင်နှုန်း၊ ရေပိုလွှဲ လုပ်ငန်းအနေနဲ့ ၇၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်လုပ်ငန်းအနေနဲ့ ၉၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ရေထိန်းတံခါး ပြွန်လုပ်ငန်းအနေနဲ့ ၉၇ ဒသမ ၇၅ ရာခိုင်နှုန်း၊ ရေလွှဲဥမင်လိုဏ်အထွက်မြောင်းလုပ်ငန်းအနေနဲ့ ၉၈ ဒသမ ၀၀ ရာခိုင်နှုန်း၊  ဓာတ်အားပေးစက်ရုံ လုပ်ငန်းအနေနဲ့  ၇၇ ဒသမ  ၂၀ ရာခိုင်နှုန်းပြီး စီးနေပြီဖြစ်ပါတယ်။ယခု ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်ကုန်အထိဆိုရင် စီမံကိန်းလုပ်ငန်းတစ်ခုလုံးရဲ့ရ၈ ဒသမ ၉၂ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ စီမံကိန်း ရာခိုင်နှုန်းပြည့် ပြီးစီးပြီးတော့  လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ ကျွန်တာ်တို့ဌာနအနေနဲ့ ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားနဲ့ ကြိုးပမ်းဖော်ဆောင်လျက်ရှိပါတယ်”ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ်အကောင်အထည် ဖော် ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေလှောင်တမံတည်ဆောက်ပြီး စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံတည်ဆောက်၍ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ သန်းပေါင်း ၃၈၆ သန်းထုတ်လုပ်ကာ ရခိုင်ပြည်နယ်အတွင်း  ဒေသများသို့ လျှပ်စစ် ဓာတ်အားတိုးမြှင့်ဖြန့် ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးရည်ရွယ်၍ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတည်ဆောက်နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က ဂျပန်နိုင်ငံအခြေစိုက် The Kansai အတိုင်ပင်ခံ အင်ဂျင်နီယာအဖွဲ့နှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများ နှင့်ပူးပေါင်းကာ ကနဦး စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအ The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့် ဌာနမှ အင်ဂျင်နီယာများသည် အသေးစိတ်ဒီဇိုင်းပုံစံများရေးဆွဲခဲ့ကြကာ အကြိုတည်ဆောက်မှုလုပ်ငန်းများကို ၂၀၀၈ -၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။

သူဌေးချောင်း၏ မြစ်ပို့ချလွှာသည် ပေ ၁၅၀ ခန့်အထိထူထဲရာ အောက်ခံကျောက်သားအမာအထိ ဖယ်ရှား၍ တမံတည်ဆောက်ပါက ငွေကြေးနှင့် အချိန်များစွာကုန်ဆုံးနိုင်သည့်အတွက် ရေတားတမံ၏အောက်တွင် ခေတ်မီနည်းပညာဖြင့် စိမ့်ရေတားနံရံကို ပလတ်စတစ်ကွန်ကရစ်ဖြင့် အနက် ၁၅၃ ပေအထိ တည်ဆောက်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent