ကိုးကန့်ဒေသ စစ်ဘေးရှောင်စခန်းများဖြစ်သည့် BP (၁၂၅) စခန်းတွင် ခိုလှုံသူဦးရေ ၁၈၀၀၀ ဝန်းကျင်နှင့် ရန်လုံကျိုင်းစခန်း၌ ခိုလှုံသူဦးရေ ၁၄၀၀ ကျော်ရှိလာ

ကိုးကန့်ဒေသ စစ်ဘေးရှောင်စခန်းများဖြစ်သည့် BP (၁၂၅) စခန်းတွင် ခိုလှုံသူဦးရေ ၁၈၀၀၀ ဝန်းကျင်နှင့် ရန်လုံကျိုင်းစခန်း၌ ခိုလှုံသူဦးရေ ၁၄၀၀ ကျော်ရှိလာ
Published 11 November 2023

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်ဘေးရှောင်စခန်းများဖြစ်သည့် BP (၁၂၅) စခန်းတွင် ခိုလှုံသူ ၁၇၇၀၀ ကျော်နှင့် ရန်လုံကျိုင်းစခန်း၌ ခိုလှုံသူ ၁၄၀၀ ကျော်ရှိလာကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ သတင်းနှင့်ပြန်ကြားရေးဌာန၏ထုတ်ပြန်မှုအရ ဒေသတွင်းအခြေအနေများ အဆက်မပြတ်မတည်ငြိမ်မှုများကြောင့် နိုဝင်ဘာ ၈  ရက်ထိ ကိုးကန့်နယ်စပ်မျဉ်းမိုင်တိုင် ၁၂၅ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ပြည် သူ ၁၇၇၆၅ ဦးအထိ ရှိပြီဖြစ်ကြောင်း၊  စစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများ၏ လူမှုဘဝ အဆင်ပြေစွာနေထိုင်နိုင်စေရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စည်းရုံးမှုအောက်တွင် ဒေသအသီးသီးမှ ပရဟိတအဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများဖြင့် ဖွဲ့စည်းထားသည် စေတနာ့ဝန်ထမ်း (၂၀၀) ကျော်သည် စစ်ဘေးရှောင်ပြည်သူများ အချက်အလက်မှတ်တမ်းတင်ခြင်း၊ လူသုံးကုန် ပစ္စည်းများဖြန့်ဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း၊ လူနေမှုပတ်ဝန်းကျင်သန့်ရှင်းခြင်းစသည့် လုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ရက်အတန်ကြာပြီးနောက် ပုံမှန်လည်ပတ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

 ထို့ပြင် စစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများ အဆက်မပြတ်တိုးများလာသည် နှင့်အမျှ သောက်သုံးရေပြတ်လပ်မှုသည် အခက်အခဲတစ်ခုအဖြစ် ရှိနေသေးသည်။ စစ်ဘေးရှောင်စခန်းအတွင်းတွင် သောက်သုံးရေနှင့် မီးသတ်တပ်ဖွဲ့မှ နေ့စဉ်ရေပေးဝေနေသော်လည်း လက်ရှိ စစ်ဘေးရှောင်ပြည်သူ ၁၈၀၀၀  ဝန်းကျင်၏ သောက်သုံးရေ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေပြတ်လပ်မှုအခက်အခဲကို သက်သာစေရန်အတွက် စေတနာ့ဝန်ထမ်းများသည် မော်တော်ယာဉ်များ အသုံးပြု၍ သောက်သုံးရေများကို သယ်ယူပို့ ဆောင်ပေးခဲ့ကြောင်း၊ လက်ရှိတွင် စစ်ဘေး ရှောင်စခန်းသည် နေ့စဉ်သုံးနှင့် ဆေးဝါးပစ္စည်းထောက်ပံ့မှုများကို ဒေသကုမ္ပဏီများနှင့် စေတနာရှင်ပြည်သူများထံမှ အကူအညီများရရှိနေကြောင်းနှင့် ကုမ္ပဏီအချို့သည် စစ်ဘေးရှောင်စခန်းအတွင်း အရေးပေါ် လိုအပ်နေသူများအတွက် ယာယီတဲများ ဆောက်လုပ်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဘေးရှောင်စခန်းအတွင်း၌ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်နှင့် နေ့စဉ်သုံးပစ္စည်းများ ရောင်းချသည့်ဆိုင်များ အဆက်မပြတ်တိုးများလျက်ရှိရာ စစ်ဘေးရှောင်စခန်းအတွင်း ကုန်ပစ္စည်းများကို စျေး နှုန်းကြီးမြင့်စွာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသည့် စည်းကမ်းချက်များသည် ပြည်သူများတွက် အခြေခံနေထိုင်မှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာ ၆  ရက်မှ စတင်ဖွင့်လှစ်ခဲ့ရာ နိုဝင်ဘာ ၉ ရက်အထိ စစ်ဘေးရှောင်ပြည်သူ ၁၄၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။

ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့အစည်း အသီးသီး၏စည်းရုံးမှုဖြင့် ရန်လုံကျိုးစစ်ဘေးရှောင်စခန်း၌ စေတနာ့ ဝန်ထမ်း (၂၈) ဦးရှိပြီး စစ်ဘေးရှောင်စခန်းအတွင်းရှိ လုပ်ငန်းအသီးသီးကို တာဝန်ယူလုပ်ဆောင် လျက်ရှိကြောင်း၊  စစ်ဘေးရှောင်ပြည်သူများ၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ ဖြည့် ဆည်းပေးနိုင်ရန်အတွက် ရန်လုံကျိုင်းစစ်ဘေးရှောင်စခန်း၌ ဆေးကုသခန်းပြုလုပ်ထားပြီး စစ်ဘေးရှောင်ပြည်သူများ၏ နေ့စဉ်ချက်ပြုတ်ရေးလိုအပ်ချက်များကို ဖြည့် ဆည်း ပေးနိုင်ရန်အတွက် မီးဖိုချောင်အထောက်အကူပစ္စည်းများလည်း ပြုလုပ်ထားကြောင်း သိရသည်။

ယင်းအပြင် ရန်လုံကျိုင်းစစ်ရှောင်စခန်းတွင် စေတနာ့ဝန်ထမ်းများသည် စစ်ဘေးရှောင် စခန်းအတွင်းရှိ သောက်သုံးရေရရှိရေးနှင့် အိမ်သာများကိုလည်း ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 ရန်လုံကျိုင်းစစ်ရှောင်စခန်းတွင် လက်ရှိကြုံတွေ့ရသော အဓိကအခက်အခဲမှာ စားနပ်ရိက္ခာဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများပါရှိလာသည့် ဆန်နှင့်အသုံးအဆောင်ပစ္စည်းများ မလုံလောက်သောကြောင့် မကြာမီ စားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။     

Most Read

Most Recent