ကယ်ပါအား လူနင်ကို အလိုက်ပေးပြီး အပြီးသတ်ခေါ်ယူရန် ရီးယဲလ် ဆန္ဒရှိ

ကယ်ပါအား လူနင်ကို အလိုက်ပေးပြီး အပြီးသတ်ခေါ်ယူရန် ရီးယဲလ် ဆန္ဒရှိ
Photo: Madrid Xtra
Photo: Madrid Xtra
Published 2 November 2023

ရီးယဲလ်အသင်းသည် ချယ်လ်ဆီးအသင်းမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် စပိန်ဂိုးသမား ကယ်ပါအား အသင်းဂိုးသမား လူနင်ကို အလိုက်ပေးကာ အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိနေကြောင်း The Sun က ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်းသည် အသင်းဂိုးသမား ကော်တိုအာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည်အနားယူရမည်ဖြစ်သဖြင့် ချယ်လ်ဆီးဂိုးသမား ကယ်ပါကို တစ်ရာသီအငှားဖြင့် ပြီးခဲ့သည့်နွေရာသီက ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်အသင်းသည် ယခုအခါ ကယ်ပါ၏ စွမ်းဆောင်မှုများကို သဘောကျနေပြီး အပြီးသတ်ခေါ်ယူရန် ဆန္ဒရှိလာခြင်းဖြစ်သည်။

The Sun ၏ဖော်ပြမှုအရ ရီးယဲလ်အသင်းသည် ကယ်ပါအား အပြီးသတ်ခေါ်ယူရန် အသင်းဂိုးသမား လူနင်အပြင် ယူရိုသန်း (၂၀)အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် ကယ်ပါအား အပြီးသတ်ခေါ်ယူရန် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့့ကာလတွင် ကြိုးပမ်းလာဖွယ်ရှိနေကြောင်းလည်း သိရသည်။ 

 

Most Read

Most Recent