ပါကစ္စတန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တရုတ်လုပ်သား နှစ်ဦး သေဆုံး

ပါကစ္စတန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တရုတ်လုပ်သား နှစ်ဦး သေဆုံး
Published 7 October 2024

ပါကစ္စတန််နိုင်ငံတွင် တရုတ်လုပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ်တန်းကို ပစ်မှတ်ထားသည့် အကြီးစားဖောက်ခွဲ တိုက်ခိုက်မှုတစ်ခုတွင် တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့သည်ဟု တရုတ်သံရုံးက အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်သည် ငွေကြေးပြတ်လပ်နေသည့် ပါကစ္စတန်အတွက် အဓိက မဟာမိတ်ဖြစ်သော်လည်း တရုတ်က ရန်ပုံငွေထောက်ပံ့ထားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများသည် ဒေသခံများကို ဒေါသထွက်စေခဲ့ကာ တရုတ်နိုင်ငံသားများသည် စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံခဲ့ရသည်။

 ဆင်းပြည်နယ် ကရာချီမြို့တော်တွင် အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီခန့်က လေဆိပ်ပြေးလမ်းတစ်ခုပေါ်ရှိ လောင်စာတင်ကားတစ်စီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း  ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် (BLA) အမည်ရှိ စစ်သွေးကြွအဖွဲ့က ပြောကြားခဲ့သည်။ ကရာချီနိုင်ငံတကာလေဆိပ်မှ ထွက်လာသည့် တရုတ်အင်ဂျင်နီယာများ နှင့် ရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်းက BLA  ပြောကြားခဲ့သည်။

BLA သည် ဆင်းပြည်နယ်၏ အိမ်နီးချင်း ဘာလိုချီစတန်ပြည်နယ်အတွင်းမှဖြစ်ကာ ယခုကဲ့သို့ တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်ခဲ့သည်။

Ref:AFP

                          

Most Read

Most Recent