လူးဝစ်ဒီယက်ဇ် ကမ္ဘာ့ဘောလုံးပရိသတ်တွေရဲ့ မြင်ကွင်းရှေ့ကို စရောက်လာတာက ချီလီမှာ ကျင်းပခဲ့တဲ့ ၂၀၁၅ လူငယ်ကိုပါအမေရိကဖလားပြိုင်ပွဲဖြစ်တယ်။ ကိုလံဘီယာအသင်းက ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့ ဒီပြိုင်ပွဲမှာ သူ ၂ ဂိုးသွင်းနိုင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူကစားနေတာ ကိုလံဘီယာဒုတိယတန်းပဲ ရှိသေးတယ်။ သူ့ ကလပ် ဘာရန်ကီလာအသင်းရဲ့ ယူ-၁၈အသင်းမှာ ကစားနေချိန်ဖြစ်ပြီး ၂၀၁၆ ကျမှ ကလပ်အသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တယ်။ ဘာရန်ကီလာ လူကြီးအသင်းကို မကစားခင် လူငယ်အသင်းမှာ သူ ၄၂ ပွဲကစားခဲ့ပြီး အသင်းကြီးကိုရောက်လာ ချိန်မှာ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်ခဲ့တယ်။ အခု လီဗာပူးလ်မှာ စတင်ဝတ်ဆင်တဲ့ နံပါတ်လည်း ဖြစ်တယ်။ "အသင်းသစ်ကို ပြောင်းလာတယ်ဆိုတာ ပထမဆုံးခြေလှမ်းဖြစ်ပြီး ကိုယ့်စိတ်ကြိုက်နံပါတ်ကို တန်းပြီး ရဖို့ မလွယ်သေးပါဘူး။ ဒါကြောင့် ဘာရန်ကီလာမှာ ကျောနံပါတ် ၂၃ ဝတ်ခဲ့ပြီး ကျွန်တော့်ကို ကံကောင်းစေခဲ့တယ်။ ဒါကြောင့် အခုလီဗာပူးလ်မှာ ကျွန်တော်ဒီနံပါတ်နဲ့ စတင်ခဲ့တာပါ"လို့ သူက ပြောတယ်။
လူးဝစ်ဒီယက်ဇ်ရဲ့ လီဗာပူးလ်ဆီ လာရာလမ်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















