မက်ဂွိုင်းရားက မန်ယူရဲ့ ချန်ပီယံလိဂ် ဆက်လက်ရှင်သန်ခွင့်မျှော်လင့်ချက်ကို ဂိုးတစ်ဂိုးနဲ့ ကယ်တင်ပေးခဲ့တယ်။ အမှားတွေကြားထဲ၊ ဝေဖန်သံတွေကြားထဲ နစ်မွန်းခဲ့သူ မက်ဂွိုင်းရားအတွက် ပျော်ရွှင်စရာ၊ ဂိုးသွင်းယူပြီးနောက် သူ အောင်ပွဲခံ လိုက်ပုံဟာ အားပါလွန်းတယ်။ ပရိသတ်တွေရှေ့ လျှောထိုးဒူးထောက်ပြီး မက်ဂွိုင်းရား အောင်ပွဲခံလိုက်တာပါပဲ။ ပြီးတော့ မန်ယူပရိသတ်တွေဘက်လှည့်ပြီး မက်ဂွိုင်းရားကအသည်းပုံစံ လုပ်ပြလိုက်တယ်။ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲက Drama ဇာတ်လမ်းဟာ မက်ဂွိုင်းရားနဲ့ပဲ ရပ်တန့်မနေဘူး။ အိုနာနာရဲ့ အလွမ်းဇာတ်လေးလည်း ပါတယ်။ တွမ်မီနေးရဲ့ ကံဆိုးကံကောင်းပြဇာတ်လည်း ပါတယ်။















