ဆိုလာနှင့် လေအားဖြင့် လျှပ်စစ်ထုတ်ယူခြင်းကဲ့သို့သော ခေတ်မီနည်းပညာများသည် ပြည်တွင်း လျှပ်စစ်မီးရရှိမှုကို ပိုမိုမြန်ဆန်စေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လိမ့်မည်ဟု WWF ဆို

ဆိုလာနှင့် လေအားဖြင့် လျှပ်စစ်ထုတ်ယူခြင်းကဲ့သို့သော ခေတ်မီနည်းပညာများသည် ပြည်တွင်း လျှပ်စစ်မီးရရှိမှုကို ပိုမိုမြန်ဆန်စေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လိမ့်မည်ဟု WWF ဆို
Published 28 December 2016
ထက်ရှိုင်း

ဆိုလာနှင့် လေအားဖြင့် လျှပ်စစ်ထုတ်ယူခြင်းကဲ့သို့သော ခေတ်မီနည်းပညာများ အသုံးပြုခြင်းသည် ပြည်တွင်းလျှပ်စစ်မီးရရှိမှုကို ပိုမိုမြန်ဆန်စေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ကာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးနိုင်လိမ့်မည်ဟု WWF (World Wide Fund for Nature)  ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ တိုးတက်မှု မြန်ဆန်လာခြင်းသည် လာမည့်နှစ်များတွင် လျှပ်စစ်စွမ်းအင် လိုအပ်ချက်သည် သိသိသာသာ မြင့်မားလာလိမ့်မည်ဖြစ်ကြောင်း၊ သိသာသည့် ကုန်ကျစရိတ် လျော့ကျခြင်းနှင့် မြန်ဆန်စွာ လုပ်ငန်းဖော်ဆောင်သည့် ကာလအတွက် ဆိုလာနှင့် လေအားနည်းပညာများသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သင့်တော်သည့် အဖြေပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ မော်ဒန်နည်းပညာများသို့ အဆင့်ကျော်တက်ခြင်းသည် လျှပ်စစ်မီး မြန်မြန်ဆန်ဆန်ရရှိအောင် ထောက်ပံ့ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း၊ထို့ပြင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လိမ့်မည်ဟု WWF ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနှင့် နိုင်ငံ၏ အနာဂတ်စွမ်းအင်စနစ်အတွက် ဆိုလာနှင့် လေကဏ္ဍ ပိုမိုပြီး ဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ခြေများကို ရှာဖွေနေကြောင်း သိရသည်။
“မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးဖို့ အခွင့်အလမ်းတွေ အများကြီးတွေ့ရပါတယ်။ အထူးသဖြင့် ပြန်ပြည့်မြဲစွမ်းအင် ဈေးကွက်မှာပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး  Peter Lysholt Hansen  က ပြောကြားသည်။
WWF ၏ လေ့လာမှုများအရ မြန်မာနိုင်ငံအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ ရာနှုန်းပြည့် ဓာတ်အားရရှိရန် ၂၀၅၀ ပြည့်နှစ်တွင် ဖြစ်နိုင်ကြောင်း၊ ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းနှင့် ရေအားလျှပ်စစ်အကြီးစားများ အသုံးပြုပြီး ရေရှည်မဟုတ်သော စွမ်းအင်ထုတ်လုပ်ခြင်းတို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် အစီအစဉ်များဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိမ့်ကျနေသော စီးပွားရေး၊လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျမှုများနှင့် အလုပ်အကိုင်များ သုံးဆကျော် ဖန်တီးပေးနိုင်ကြောင်း သိရသည်။
“၂၀၁၆ ခုနှစ်တွင် အာရှမှာ မြန်မာဟာ စီးပွားရေးကြီးထွားမှု အမြန်ဆန်ဆုံးပါ။ မြင့်မားတဲ့ ဂျီဒီပီကြီးထွားမှုနှုန်း သေချာဖို့ဆိုရင်  လျှပ်စစ်ဓာတ်အားရရှိမှု ပမာဏတစ်ခုအထိ လိုအပ်လာမှာဖြစ်ပါတယ်” တရုတ်နှင့် အာရှပစိဖိတ်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြီးအကဲ  Naveen Balachandran  က ပြောကြားသည်။