ညောင်ဦးမြို့နယ်ရှိ ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမားသမဂ္ဂမှ ဦးဆောင်၍ အင်အား ၂၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်

ညောင်ဦးမြို့နယ်ရှိ ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမားသမဂ္ဂမှ ဦးဆောင်၍ အင်အား ၂၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်
Published 27 December 2016
■ သက်ထိန်ဝင်း (ပခုက္ကူ)

ညောင်ဦးမြို့နယ်ရှိ ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမားသမဂ္ဂမှ ဦးဆောင်၍ အင်အား ၂၀၀ ကျော်ဖြင့် အလုပ်သမား ဝန်ထမ်းများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန် ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) က ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်သမား ဝန်ထမ်းများ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိရန်အတွက် ဆန္ဒထုတ်ဖော်သူများသည် ညနေ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စ၍  ပုဂံပရပါတံခါးရှေ့ကွင်းတွင် စုဝေးပြီး တောင်ဖီရွာ၊ အမှတ် (၇) ရပ်ကွက် ဝက်ကြီးအင်းရွာ၊ ထွန်စက်စခန်း၊ ဘုရားနီ၊ BAGAN LODGE HOTEL မှ  ပုဂံမြို့သစ်အဝိုင်း၊ ဆာကူရာ လမ်းဆုံနှင့် သရပါတံခါးရှေ့တို့သို့ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်သူများသည် ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမား သမဂ္ဂ စာသားနှင့် အမှတ်တံဆိပ်ပါ တီရှပ်များကို ဝတ်ဆင်ပြီး ခြေလျင်၊ ကားတို့ဖြင့် လှည့်လည်ကာ “အလုပ်ရှင်နှင့် မန်နေဂျာများမှ မတရား အလုပ်ထုတ်ခြင်းမှ ရပ်တန့်ရေး”၊ “အလုပ်သမား ဝန်ထမ်းများ ရသင့်ရထိုက်သော ဝန်ဆောင်ခ (SERVICE MONEY 10%) အပြ့ည့်အ၀ ရရှိရေး”၊ “အလုပ်သမား အဖွဲ့အစည်းများကို ဖြိုခွဲ ဖျက်ဆီးပြီး ခွဲခြားဆက်ခံ ဖိနှိပ်ခြင်းမှ ရပ်တန့်ရေး”၊ “အလုပ်သမား ဥပဒေပါ ခံစားခွင့်များကို အလုပ်သမား ဝန်ထမ်းများ အားလုံး ခံစားခွင့် ရရှိရေး”၊ “အလုပ်ရှင် အလုပ်သမား ပြဿနာများကို ညှိနှိုင်းပြေလည်စေရေးနှင့် အပြန်အလှန် လေးစားမှု ရှိပြီး ပွင့်လင်း မြင်သာသော ဆွေးနွေးခြင်း (CBA) ဖော်ဆောင်ရေး စသည့် စာသားများ ရေးသားထားသည့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ပြီး သရပါတံခါးရှေ့တွင် ဆန္ဒထုတ်ဖော်မှုအား အဆုံးသတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent