ဟာဝိုင်ယီ၌ရောက်ရှိနေသည့် အာဘေးက အိုဘားမားနှင့်အ­တူ ပုလဲဆိပ်ကမ်းသို့ သွားရောက်

ဟာဝိုင်ယီ၌ရောက်ရှိနေသည့် အာဘေးက အိုဘားမားနှင့်အ­တူ ပုလဲဆိပ်ကမ်းသို့ သွားရောက်
ဒီဇင်ဘာ ၂၆ ရက်က ဟိုနိုလုလုရှိ ဟိုနိုလုလုအောက်မေ့ဖွယ်နေရာသို့ သွားရောက်ခဲ့သော ဂျပန်ဝန်ကြီးချုပ် အာဘေး(Photo -AFP)
ဒီဇင်ဘာ ၂၆ ရက်က ဟိုနိုလုလုရှိ ဟိုနိုလုလုအောက်မေ့ဖွယ်နေရာသို့ သွားရောက်ခဲ့သော ဂျပန်ဝန်ကြီးချုပ် အာဘေး(Photo -AFP)
Published 27 December 2016

ဒီဇင်ဘာ ၂၆ ရက်တွင် ဟာဝိုင်ယီ၌ ရောက်ရှိနေသော ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားကို သင်္ကေတသဘောဆောင်သော တွေ့ဆုံမှုအဖြစ် ပုလဲဆိပ်ကမ်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်နေရာ၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
အခြားဂျပန်ခေါင်းဆောင်များသည် ယခင်က ပုလဲဆိပ်ကမ်းသို့ သွားရောက်ခဲ့ဖူး ကြသော်လည်း အာဘေးသည် အမေရိကန် တပ်ဖွဲ့ဝင် ၁၁၇၇ ဦး သေဆုံးခဲ့သည့် ယအက်စ်အက်စ်အရီဇိုးနား သင်္ဘောပျက်အ ထိမ်းအမှတ်ရှိရာသို့ ပထမဆုံးသွားရောက်သည့် ဂျပန်ခေါင်းဆောင်ဖြစ်လာမည် ဖြစ်သည်။
အာဘေး၏ ဒီဇင်ဘာ ၂၇ ရက်တွင် သွားရောက်မည့် အစီအစဉ်သည် ဂျပန်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်၏ ပစိဖိတ်ရေတပ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ၇၅ နှစ်အကြာတွင်ဖြစ်သည်။ ဂျပန်၏ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့်  အမေရိကန်သည် ဒုတိယကမ္ဘာစစ်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် အိုဘားမားနှင့် အာဘေးတို့ တွေ့ဆုံမှုသည် ၁၉၄၅ ခုနှစ်တွင် အမေရိကန်က အဏုမြူဗုံးကြဲချခဲ့သော ဟီရိုရှီးမားမြို့သို့ ၎င်းတို့နှစ်ဦး အတူတကွ သွားရောကခဲ့ပြီးနောက် ခုနစ်လအကြာတွင် ဖြစ်သည်။
ဂျပန်မှ မထွက်ခွာမီ အာဘေးက “စစ်ပွဲရဲ့ ကြောက်မက်ဖွယ်အဖြစ်ကို နောက်ထပ်ဘယ်တော့မှ မဖြစ်စေရဘူး” ဟု ပြောကြားလျက် ထို့အတွက်ကြောင့် ပုလဲဆိပ်ကမ်း အမှတ်တရနေရာသို့ သွားရောက်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သမ္မတအိုဘားမားနဲ့အတူ အနာဂတ်နဲ့ ပြန်လည်သင့်မြတ်ရေး တန်ဖိုးအတွက် ဒီကတိစကားကို ကမ္ဘာကြီးကို ပြသလိုပါတယ်” ဟု အာဘေးက သတင်းထောက်များအား ပြောကြားခဲ့သည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ဂျပန်လေတပ်လေယာဉ်များသည် ကြိုတင် သတိမပေးဘဲ ဟာဝိုင်ယီရေတပ် အခြေစိုက်စခန်းကို ဆင်းသက်တိုက်ခိုက်ခဲ့ရာ အမေရိကန် ရေတပ်သင်္ဘောများကို နစ်မြုပ်စေခဲ့ပြီး လူပေါင်း ၂၄၀၀ ကို သေဆုံးစေခဲ့သည်။
ထိုစဉ်က အမေရိကန်သည် ဥရောပကို အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည့် ကမ္ဘာစစ်၌ ဝင်ပါရန် တွန့်ဆုတ်နေခဲ့သော်လည်း ဂျပန်၏ တိုက်ခိုက်မှုကြောင့် ကမ္ဘာစစ်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယူအက်စ်အက်စ် အရီဇိုးနား၏ သံချေတက်နေသော အကြွင်းအကျန်များအထက်၌ ပေါလောပေါ်နေသည့် ရွေ့လျားနေသော အထိမ်းအမှ­­တ်နေရာသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များ၊ လာရောက်ဂါရဝပြုသူများနှင့် စစ်မှုထမ်းဟောင်းများ စုစုပေါင်း နှစ်သန်းခန့်ကို ဆွဲဆောင်နိုင်သည်။
အမိုးခုံးအဖြူရောင် အဆောက်အအုံကို အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့က “ယုတ်ညံ့သိမ်ဖျင်းမှုထဲ၌ ရှိနေတော့မည့်နေ့” ဟု ခေါ်ဆိုခဲ့သည့်အရာကို အမှတ်တရပြုရန် ၁၉၆၀ ပြည်လွန်နှစ်များအတွင်း တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဆောက်အအုံအတွင်း၌ တိုက်ခိုက်မှု၌ ကျဆုံးခဲ့ရသော ရေတပ်တပ်ဖွဲ့ဝင်များ၏ အမည်များကို ရေးထိုးထားသည်။Ref း AFP

Most Read

Most Recent