အနူးအညွတ် တောင်းပန်ခြင်း

အနူးအညွတ် တောင်းပန်ခြင်း
Published 27 December 2016

The Daily Eleven သတင်းစာတွင် ဖော်ပြပါရှိခဲ့သော “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို Eleven Media Group နှင့်  Eleven Media Group ၏ CEO မှ ANN (အာရှသတင်းကွန်ရက်) အဖွဲ့ဝင် သတင်းဌာနများ၊ The Daily Eleven သတင်းစာနှင့် The Daily Eleven စာမျက်နှာတို့တွင် ရေးသားဖော်ပြမိခဲ့ပါသည်။Eleven Media Group သည် အာရှနိုင်ငံပေါင်း ၂၁ နိုင်ငံမှ မီဒီယာ ၂၂ ခုဖြင့် ဖွဲ့စည်းထားသော ANN (အာရှသတင်းကွန်ရက်) ၏ အဖွဲ့ဝင်မီဒီယာများမှ အလှည့်ကျရေးသားရသော ကမ္ဘာ့ရေးရာကဏ္ဍအတွက်  “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ကို ပေးပို့ခဲ့ရာ ANN အဖွဲ့ဝင်ဖြစ်သည့် စင်ကာပူနိုင်ငံထုတ် The Straits Time  သတင်းစာမှ နိုဝင်ဘာ ၅ ရက်တွင် (Myanmar: A year after the Nov 8 Polls)  ခေါင်းစဉ်ဖြင့် ဖော်ပြရာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကိုပါ တွဲဖက်အသုံးပြုဖော်ပြပါရှိခဲ့ခြင်းကြောင့် အဓိပ္ပာယ်ကောက်ယူရာတွင် လွဲမှားမှုဖြစ်ပေါ်စေနိုင်သည့်အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ထို့အပြင် ယင်းအယ်ဒီတာ့အာဘော်တွင် ကိုးကားဖော်ပြခဲ့သည့် အချက်အလက်အချို့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားသော လွဲမှားသည့်အချက်အလက်များဖြစ်နေခြင်းအတွက်လည်း များစွာစိတ်မကောင်း ဖြစ်ရပါသည်။သို့ဖြစ်ရာ ယင်းကဲ့သို့ မှားယွင်းရေးသားဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဆိုပါ ရေးသားဖော်ပြချက်ကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သူအားလုံးကို Eleven Media Group ၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နှင့်အတူ အနူးအညွတ် ဝန်ချတောင်းပန်အပ်ပါသည်။Eleven Media Group နှင့် CEO ဒေါက်တာသန်းထွဋ်အောင်

Most Read

Most Recent