သပိတ်ကျင်းမြို့နယ်တွင် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးများအား သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ကျောင်းဆရာကို အမှုဖွင့်

သပိတ်ကျင်းမြို့နယ်တွင် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးများအား သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ကျောင်းဆရာကို အမှုဖွင့်
Published 26 December 2016
သက်ထွန်းအောင်

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ကျောင်းဆရာဖြစ်သူက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်များအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်မှုဖြင့် နယ်မြေရဲစခန်း (တကောင်း) က ဒီဇင်ဘာ၂၅ ရက်တွင် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူရုံးမှ သတင်းရရှိသည်။
သပိတ်ကျင်းမြို့နယ် ဖုန်ကုန်းကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်က အသက် ၄၅ နှစ်အရွယ် အမျိုးသမီးသည် နေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မိန်းကလေး စတုတ္ထတန်း ကျောင်းသူမှာ ကျောင်းမတက်ချင်တော့ကြောင်း မကြာခဏ ပြောဆိုသောကြောင့် မိခင်ဖြစ်သူက မေးမြန်းရာ အမကကျောင်းတွင် အရပ်ကငှားထားသည့် ကျောင်းဆရာဖြစ်သူ ကို.... (၂၃ နှစ်) က ဒီဇင်ဘာ ၂၂ ရက် နံနက် ၇ နာရီခွဲတွင် စာသင်ကျောင်းရှိ ဆရာများ နားနေဆောင် အခန်းထဲသို့ခေါ်ကာ မိန်းကလေးငယ်အား မဖွယ်မရာပြုလုပ်ခြင်းနှင့် မဖွယ်မရာစေခိုင်းခြင်းများ ပြုလုပ်ကြောင်း၊ ရက်စွဲမမှတ်မိနေ့များကလည်း ၎င်းသည် မဖွယ်မရာစေခိုင်းပြီး သားမယားအဖြစ် ပြု ကျင့်ရန်ကြံစည်ရာ မိန်းကလေးက လက်မခံဘဲ ထွက်ပြေးခဲ့ကြောင်း သိရသည်။
မိန်းကလေးနှင့်အတူ တစ်တန်းတည်း တက်ရောက်နေသည့် အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦးအား သားမယား အဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။ကျူးလွန်ခံရသူများ၏ မိဘများက နယ်မြေရဲစခန်း (တကောင်း) တွင် ကို .... အား တိုင်တန်းသောကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent