လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၉၇ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၄၂ သန်းကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၉၇ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၄၂ သန်းကျော် ပိုမိုရရှိထား
Published 24 December 2016
မြတ်စုနိုင်

လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၉၇ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ဒေါ်လာ ၁၄၂ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နယ်စပ်ကုန်သွယ်မှု စာရင်းများအရ သိရသည်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်း၊ ကော့သောင်းနယ်စပ်စခန်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်း၊ နဘုလယ်/ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု ပမာဏ ဒေါ် လာ ၅၁ ဒသမ ၄၈၂ သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းတွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၂၄ ဒသမ ၀၃၈ သန်း၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၇၅ ဒသမ ၀၉၄ သန်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၄ ဒသမ ၈၇၉ သန်း၊ နဘုလယ်/ ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဒသမ ၁၆၅ သန်းနှင့် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၉၅၇ သန်း ရရှိထားကြောင်း သိရသည်။
လက်ရှိဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၈၉၇ ဒသမ ၆၁၅ သန်းရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတွင် ဒေါ်လာ ၇၅၅ ဒသမ ၀၆၈ သန်း ရရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၄၂ ဒသမ ၅၄၇ သန်း ပိုမိုရရှိထားခြင်း ဖြစ်သည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တောနှင့် မယ်စဲ့စသည့် နယ်စပ် ကုန်သွယ်ရေးစခန်း ၁၅ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။
ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များနှင့် စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC) ကတ်ထုတ်ယူ အသုံးပြုခွင့်ကိုလည်း ၂၀၁၃ ခုနှစ်တွင် စတင်ခွင့်ပြုပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 

Most Read

Most Recent