အခြေခံအဆောက်အအုံ ပြုပြင်ရာ၌ ကူညီရန် ဖိလစ်ပိုင်က တရုတ် ပံ့ပိုးထားသော AIIB ဘဏ်ကို တောင်းဆို

အခြေခံအဆောက်အအုံ ပြုပြင်ရာ၌ ကူညီရန် ဖိလစ်ပိုင်က တရုတ် ပံ့ပိုးထားသော AIIB ဘဏ်ကို တောင်းဆို
စက်တင်ဘာ ၃၀ ရက်က ဖိလစ်ပိုင်မြို့တော် မနီလာရှိ နေရာတစ်နေရာကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
စက်တင်ဘာ ၃၀ ရက်က ဖိလစ်ပိုင်မြို့တော် မနီလာရှိ နေရာတစ်နေရာကို ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)
Published 20 December 2016

ဖိလစ်ပိုင်အစိုးရ၏ မကြုံစဖူး အခြေခံ အဆောက်အအုံ ပြုပြင်မှုများ ပြုလုပ်ရာတွင် ငွေကြေးထောက်ပံ့ပေးရန် တရုတ် ကျောထောက်နောက်ခံ ပြုပေးထားသည့် ငွေချေးလုပ်ငန်း တစ်ခုကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက အကူအညီ တောင်းခံထားသည်ဟု ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ပေကျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံရေးဘဏ် (AIIB) ကို အချို့က ကမ္ဘာ့ဘဏ်နှင့် ဖိလစ်ပိုင်အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့၏ ပြိုင်ဘက်ဟု ရှုမြင်နေကြသည်။
ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံ၏ ယိုင်နဲ့နေသော အခြေခံ အဆောက်အအုံ ပြဿနာ ကို ဖြေရှင်းရာတွင် ငွေကြေးပိုမို သုံးစွဲမည်ဟု ကတိပြုခဲ့ပြီး လိုအပ်သည့် ငွေကြေး အမြောက်အမြားကို တရုတ်ထံမှ ရရန် ကြိုးပမ်းမည်ဟု ဆိုနေသည်။ ဒူတာတေးသည် နိုင်ငံ၏ ငွေကြေးမူဝါဒကို ဖိလစ်ပိုင်၏ ကာလရှည်ကြာ မဟာမိတ် အမေရိကန်ထံ ဗဟိုပြုထားခြင်းမှ ဦးလှည့်နေစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီး ကားလို့စ် ဒိုမင်ဂူဇ်က ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်တွင် AIIB ဥက္ကဋ္ဌ ကျင်းလီချွင်နှင့် တွေ့ဆုံခဲ့ကြောင်း၊ ကျင်းက စီမံကိန်းနှစ်ခုအတွက် ငွေချေးမည်ဟု အတည်ပြုခဲ့ကြောင်း ဆိုခဲ့သည်။
အသက် ၇၁ နှစ်အရွယ် ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးနှိမ်နင်းရေး စစ်ပွဲကို ဝေဖန်သည့် အမေရိကန်ကို ဖယ်ကြဉ်ပြီး တရုတ်ထံမှ ချေးငွေများ၊ အကူအညီများ ရရန် ပိုမိုအားထုတ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်ကလည်း အမေရိကန် အစိုးရသည် ဖိလစ်ပိုင် မူးယစ်ဆေးနှိမ်နင်းရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများကြောင့် ဖိလစ်ပိုင်သို့ပေးမည့် အကူအညီများကို ရွှေ့ဆိုင်းလိုက်သည့်အတွက် ဒူတာတေးက ဒေါသထွက်ခဲ့သည်။ AIIB ဘဏ်သည် မနီလာ၏ ရေကြီးမှု ထိန်းချုပ်ရေး စီမံကိန်းအတွက် ကမ္ဘာဘဏ်နှင့် ပူးပေါင်းကာ ဒေါ်လာ သန်း ၄၇၀ ချေးမည်ဖြစ်ပြီး ဘတ်စ်ကားစနစ် တစ်ခုအတွက် ဒေါ်လာ ၇၅၆ သန်းကို ADB ဘဏ်နှင့်အတူ ချေးငွေထုတ်ပေးမည်ဟု ကျင်းက ပြောကြားခဲ့သည်။
Ref: AFP

Most Read

Most Recent