မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များတွင် သဘာဝဓာတ်ငွေ့မှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ် တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ်

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များတွင် သဘာဝဓာတ်ငွေ့မှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ် တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယ အများဆုံးဖြစ်
Published 18 October 2016
နီလာ

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များတွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ ပို့ကုန်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး အထည်ချုပ်ကဏ္ဍမှ တင်ပို့မှုမှာ ၁၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်တင်ပို့မှုအနေအ ထားကို လေ့လာကြည့်ပါက သဘာဝဓာတ် ငွေ့တင်ပို့မှုမှာ တန်ဖိုးဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်ရှိပြီး အထည်ချုပ်ကဏ္ဍမှ တင် ပို့မှုမှာ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်ဖြင့် ဒုတိယအများဆုံးတင်ပို့ထားကြောင်း သိရ သည်။
ပြည်ပသို့ ပဲမျိုးစုံတင်ပို့ခဲ့မှုမှာ ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး စုစုပေါင်း၏ ၁၁ ရာ ခိုင်နှုန်းကျော်ရှိသည်။ ကျောက်မျက်ရတနာ များ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၅၆၈ ဒသမ ၉၄ သန်းရှိပြီး စက်ယန္တရားနှင့်စက်ပစ္စည်း များတင်ပို့မှုမှ ဒေါ်လာ ၅၃၉ ဒသမ ၆၅ သန်း ရှိပြီး အခြားကဏ္ဍမှတင်ပို့မှုမှာ ဒေါ်လာ ၂၄၄ ဒသမ ၃၁ သန်းရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အဓိကသွင်းကုန်များမှာ အခြားလုပ်ငန်းများမှ တင်သွင်းမှုတန်ဖိုးဒေါ်လာသန်း ၆၄၀၀ ကျော် ဖြင့် အများဆုံးတင်သွင်းခဲ့ပြီး  စက်ယန္တရားနှင့် စက်ပစ္စည်းများ တင်သွင်းမှုမှာ ဒေါ်လာ သန်း ၂၅၀၀ ကျော်ရှိပြီး စုစုပါင်း၏ ၁၈ ရာခိုင်နှုန်းခန့်ဖြင့် ဒုတိယအများဆုံးတင် သွင်းထားသည်။
အလားတူ သံနှင့်သံမဏိ ပစ္စည်းများ တင်သွင်းမှုမှာ တန်ဖိုးဒေါ်လာသန်း ၁၅၀၀ ကျော်ရှိပြီး စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်း တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် အောက်တိုဘာ ၇ ရက်အထိ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ သန်း ၁၄၀၀ ကျော်ရရှိထားပြီး တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာသုံးသန်းကျော်၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ၂၃၇ သန်းကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်းကျော်၊ သစ်တောထွက်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၁၁၅ သန်းကျော်၊ စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ ဒေါ်လာသန်း၂၈၀၀ ကျော်နှင့် အခြားကဏ္ဍမှ ဒေါ်လာသန်း ၈၉၃ သန်းကျော် တင်ပို့ထားကာ စုစုပေါင်း ဒေါ်လာ သန်း ၅၉၀၀ ကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
မြန်မာ့အထည်ချုပ် လုပ်ငန်းများသည် အမေရိကန်မှ ပေးအပ်သည့် GSP (ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး) ရရှိမည် မဟုတ်သော်လည်း EU နှင့် ဂျပန်နိုင်ငံတို့မှ အော်ဒါမှာယူမှု မြင့်တက်နေသဖြင့် ယခုနှစ်တွင် အထည်ချုပ်တင်ပို့မှုမှ ၂ ဒသမ ၁ ဘီလျံအထိ ရရှိရန် မျှော်မှန်းထားသည်။ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များတွင် အထည်ချုပ်မှာလည်း ပါဝင်သဖြင့် အမေရိကန်မှ ပေးအပ်သည့် GSP တွင် ပါဝင်သင့်ကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်ထားသည်။