အမေရိကန်နှင့် ပင်လယ်ပြင်ပူးတွဲ ကင်းလှည့်မှု မပြုလုပ်တော့ဟု ဖိလစ်ပိုင် ကြေညာ

အမေရိကန်နှင့် ပင်လယ်ပြင်ပူးတွဲ ကင်းလှည့်မှု မပြုလုပ်တော့ဟု ဖိလစ်ပိုင် ကြေညာ
Published 7 October 2016

သမ္မတ ရိုဒရီဂို ဒူတာတေး၏ ညွှန်ကြားချက်အရ ဖိလစ်ပိုင်သည် ၎င်း၏ ကာလရှည်ကြာ မဟာမိတ် အမေရိကန်နှင့် တောင်တရုတ်ပင်လယ်ထဲတွင် ပူးတွဲကင်းလှည့်မှု လုပ်ဆောင်နေခြင်းများအား ရပ်ဆိုင်းလိုက်ကြောင်း အောက်တိုဘာ ၇ ရက်က ကြေညာခဲ့ပြီး အမေရိကန်ကိုလည်း တရားဝင် အသိပေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
ယခုလ အစပိုင်းက ဟာဝိုင်ယီသို့ သွားရောက်စဉ် ထိုဆုံးဖြတ်ချက်ကို အမေရိကန် ပစိဖိတ် ဌာနချုပ်၏ တပ်မှူးကို ပြောကြားခဲ့ပြီး ဖြစ်သည်ဟုလည်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာက ဆိုသည်။ သို့သော်လည်း ကာကွယ်ရေးဝန်ကြီး လိုရန်ဇာနာက ဒူတာတေး၏ နောက်ဆုံး အစီအစဉ်တို့နှင့် ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်း သေချာမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။
“သမ္မတ ဘာပြောချင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသရွေ့ ပူးတွဲကင်းလှည့်မှုကို ဆက်မလုပ်တော့ပါဘူး” ဟု ၎င်းက ဆိုသည်။
တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုတွင် တရုတ်ကို ရင်ဆိုင်ရန်အတွက် ယခင် ဖိလစ်ပိုင် အစိုးရသည် ဒေသထဲ၌ အမေရိကန်စစ်တပ်၏ ပါဝင်မှု ပိုမိုများပြားလာစေရန် ကြိုးပမ်းခဲ့သည်။ ဖိလစ်ပိုင်-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ယခင်ဖိလစ်ပိုင် အစိုးရ လက်ထက်က စတင် စီစဉ်ခဲ့ခြင်းဖြစ်သည်။
Ref: AFP

Most Read

Most Recent