လှိုင်မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာများတွင် မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်း ဖော်ဆောင်လျက်ရှိပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများ နေထိုင်ရန် ဝန်ကြီးဌာနပိုင်အဖြစ် အိမ်ခန်း ၂၃၉၀ နှင့် အဆောက်အအုံ ၁၆ လုံး ရရှိမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး လွှတ်တော်၌ ရှင်းလင်းရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်း ထောင့်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာ အပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာများတွင် မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်းအား ဖော်ဆောင်နေပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ကြီးဌာနပိုင်အဖြစ် အိမ်ခန်း ၂၃၉၀ နှင့် အအောက်အအုံ ၁၆ လုံး ရရှိမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ် ၁၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ရှင်းလင်းပြောကြားသည်။ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင် သြဂုတ် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “လှိုင်မြို့နယ်၊ (၁၂) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာ အပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာတွင် ဆောက်လုပ်နေသော အဆောက်အအုံများအား မည်သို့စီမံ ဆောင်ရွက်ထားသည်၊ ပညာရေးဝန်ထမ်းများအား မည်သို့ နေရာချထားပေးမည်နှင့် ဆောက်လုပ်ခွင့်ရ ကုမ္ပဏီနှင့် မည်သို့ သဘောတူထားသည်ကို သိလိုခြင်း” တို့နှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ အထက်ပါ တက္ကသိုလ်ဆရာ၊ ဆရာမများရိပ်သာ အပါအဝင် ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာများတွင် ၂၀၁၄ ခုနှစ်မှစ၍ တည်ဆောက်နေသာ အဆောက်အအုံများသည် နိုင်ငံတော် သမ္မတရုံး၏ ၉-၇-၂၀၁၄ ရက်စွဲပါ စာအမှတ် ၅၉ (၁)/၇ သမ္မတရုံး ခွင့်ပြုချက်အရ မင်းဓမ္မဥယျာဉ်မြို့တော်အိမ်ရာ စီမံကိန်းအဖြစ် ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် Myanmar Imperial Vega Co,Ltd တို့သည် ၂၀-၁၁-၂၀၁၄ ရက်တွင် လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆို၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။စာချုပ်များအရ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများ နေထိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနပိုင်အဖြစ် နှစ်ခန်းတွဲ ငါးထပ် အဆောက်အအုံတစ်လုံး၊ ခုနစ်ခန်းတွဲ ၁၂ ထပ် အဆောက်အအုံ လေးလုံး၊ နှစ်ခန်းတွဲ ရှစ်ထပ်အဆောက်အအုံ တစ်လုံး၊ ရှစ်ခန်းတွဲ ၁၂ ထပ် အဆောက်အအုံ ၁၆ လုံး၊ ၁၂ ခန်းတွဲ မြေအောက်ထပ် အပါအဝင် ရှစ်ထပ်အဆာက်အအုံ တစ်လုံး၊ ရှစ်ခန်းတွဲ ရှစ်ထပ် အဆောက်အအုံ နှစ်လုံး၊ ၁၂ ခန်းတွဲ ရှစ်ထပ်အဆောက်အအုံ ငါးလုံး စုစုပေါင်း အဆောက်အအုံ ၃၀ အိမ်ခန်းပေါင်း ၂၃၉၀ ပါရှိမည်ဖြစ်ကြောင်း၊ အဆိုပါ အဆောက်အအုံ ၃၀ အနက် သုံးလုံးမှာ ရာခိုင်နှုန်း ၁၀၀ ပြီးစီးပြီ ဖြစ်သည့်အတွက် အိမ်ခန်း ၁၂၂ ခန်းမှာ ဆရာ၊ ဆရာများအား ယာယီနေထိုင်ခွင့်ပြုရခြင်းဖြစ်ပြီး အဆောက်အအုံများ ပြီးစီးပါက သတ်မှတ်ရာထူးနှင့် သတ်မှတ်အဆင့် အတန်းအလိုက် အိမ်ခန်းများကို နေရာချထားခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။ဆက်လက်ပြီး အခြားအဆောက်အအုံများမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ မြန်မာ-အိန္ဒိယ စီးပွားရေး စွမ်းဆောင်မှု ပညာဖွံ့ဖြိုးရေးဌာန MIEDC မှာ အဆောက်အအုံ နှစ်လုံး၊ ကားပါကင် အဆောက်အအုံ ခြောက်လုံး၊ ရေကူးကန်နှင့် အားကစားခန်းမ၊ သိပ္ပံပစ္စည်းစက်ရုံ အဆောက်အအုံ၊ ဈေးအဆောက်အအုံတို့ အပါအဝင် စုစုပေါင်း အဆောက်အအုံ ၁၆ လုံး ရရှိမည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။“ပညာရေးဝန်ကြီးဌာနပိုင် အိမ်ခန်းများကို အဆင့်မြင့်ပညာ ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)ရှိ ဦးစီးဌာန၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် တွဲဖက်ဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သင်ကြား၊ စီမံဝန်ထမ်းများအနက် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မိမိကိုယ်ပိုင်အိမ် မရှိသူ၊ မိမိ ဇနီး (သို့မဟုတ်) ခင်ပွန်းပိုင်အိမ် မရှိသူ၊ နိုင်ငံပိုင် အိမ်ခန်း ရယူထားခြင်း မရှိသူများမှ လျှောက်ထားခြင်းကို စိစစ်နေထိုင်ခွင့် ပြုပါတယ်။ အိမ်ခန်းများ နေရာချခြင်းကို အဆင့်မြင့်ပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဥက္ကဋ္ဌနှင့် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ အဖွဲ့ဝင်အဖြစ် ပါဝင်သော တက္ကသိုလ်အရာထမ်း၊ အမှုထမ်း အိမ်နေရာချထားရေး ကော်မတီမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ရာထူးအဆင့်တူ အုပ်စုလိုက် ရွေးချယ်ရေး မူဘောင်နှင့် ညီညွတ်သူများကို အိမ်ခန်းနေရာ ချထားရန် ပဏာမ လျာထား သတ်မှတ်ပါတယ်။ အဆိုပါ လျာထား အမည်စာရင်းများကို သက်ဆိုင်ရာ ကျောင်း၊ ဌာနအကြီးအကဲများက သတ်မှတ်ထားသည့် အိမ်ခန်းနေထိုင်သူများ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာနိုင်မည့် သူများအား ထပ်မံစိစစ်ပြီး အိမ်ခန်းများကို နေရာချထားပေးပါတယ်” ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။
လှိုင်မြို့နယ်ရှိ ပညာရေးဝန်ကြီးဌာနပိုင် မြေနေရာများတွင် မင်းဓမ္မဥယျာဉ်မြို့တော် အိမ်ရာစီမံကိန်း ဖော်ဆောင်လျက်ရှိပြီး တက္ကသိုလ်ဆရာ၊ ဆရာမများ၊ စီမံဝန်ထမ်းများ နေထိုင်ရန် ဝန်ကြီးဌာနပိုင်အဖြစ် အိမ်ခန်း ၂၃၉၀ နှင့် အဆောက်အအုံ ၁၆ လုံး ရရှိမည်ဖြစ်ကြောင်း .....