Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၂)

Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၂)
Published 4 May 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေးခဝါချမှု နည်းလမ်းတွေနဲ့ အဆင့်တွေနဲ့ ပတ်သက်ပြီး အစပြု ရေးသားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီ အဆင့်တွေရဲ့ အသေးစိတ် လုပ်ဆောင်မှု နည်းလမ်းတွေကို ဆက်လက် ရေးသားပေးပါမယ်။ 
■ ၁။ ငွေကြေးများကို မူလရင်းမြစ် နေရာများမှာ ရွေ့လျားစေမှု (Placement)ငွေကြေးတွေကို မူလရင်းမြစ် နေရာတွေကနေ ရွေ့လျားစေမှုက အလွယ်တကူ ဟန်ဆောင်မှုပြုလုပ်နိုင်စေပြီး လွဲမှားတဲ့ ကိုယ်စားပြုမှုကို ဖြစ်စေနိုင်တာ ဖြစ်တယ်။ ဒါကတော့ ငွေကြေးတွေကို ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ (Financial Institutions) ကက်စီနို လောင်းကစားဝိုင်းတွေ (Casinos) ထိပ်ပိုင်း လူတစ်စုကနေ ငွေကြေး လဲလှယ်မှု (Bureau de Change) နဲ့ အခြား စီးပွားရေး လုပ်ငန်းတွေကနေ ငွေကြေးလည်ပတ်စေမှု ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ မိမိနိုင်ငံ အတွင်းမှာရော နိုင်ငံခြား နေရာတွေမှာပါ နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ ယခု လုပ်ငန်းစဉ်ကို လုပ်ငန်းစဉ် များစွာနဲ့ လုပ်ဆောင်နိုင်တာ ဖြစ်တယ်။♦ (က) ငွေကြေး မှောင်ခိုမှု (Currency Smuggling)ဒါက တရားမဝင် ငွေကြေးရွေ့လျားမှု ဖြစ်ပါတယ်။ အဓိကအားဖြင့် မိမိနိုင်ငံရဲ့ ပြင်ပနိုင်ငံကို ခိုးထုတ်တာမျိုး ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံမှာ ဒီလို ငွေကြေးမှောင်ခို ထုတ်ယူသွားမှု ရှိ မရှိ ဆိုတာ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ 
♦ (ခ) ဘဏ်၏ ရှုပ်ထွေးအောင် လုပ်ဆောင်မှု (Bank Complicity)ဒါကတော့ ဘဏ်တွေလို ငွေကြေး အဖွဲ့အစည်းတွေကနေ အေးအေးဆေးဆေး အရောင်းအဝယ် လုပ်သူတွေနဲ့ အခြား စုစည်းထားတဲ့ ရာဇဝတ် အုပ်စုတွေကို မသိကျိုးကျွန် ပြုမှုအဖြစ် ရှုပ်ထွေးအောင် လုပ်ဆောင်သူ တစ်ဦးချင်းကနေ ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ ပုံစံ ဘဏ်တွေကနေ လုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ပေးမှုက ငွေကြေး ခဝါချသူတွေကို ပိုမို လွယ်ကူစေတာ ဖြစ်တယ်လို့ ဆိုတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ မရှိတဲ့ ငွေကြေးဆိုင်ရာ ကဏ္ဍရဲ့ လုံးစေမှုက မူမှန် လမ်းကြောင်းကနေ သွေဖည်မှု ဖြစ်စေကာ ငွေကြေးခဝါချမှု ဖြစ်စေပါတယ်။♦ (ဂ) ငွေကြေး အလဲအလှယ် ပြုလုပ်မှုများ (Currency Exchanges)အပေးအယူ အကူးအပြောင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေမှာ နိုင်ငံခြားငွေ လဲလှယ်မှု ဈေးကွက်တွေအတွက် လွတ်လပ်တဲ့ လုပ်ဆောင်နိုင်စေမှုတွေကနေ ငွေကြေးရွေ့လျားစေတဲ့အတွက် အဲဒီလို လုပ်ဆောင်ပေးတဲ့ မူဝါဒတွေက ငွေကြေး ခဝါချမှုကို အကျိုး ဖြစ်ထွန်းစေပါတယ်။♦ (ဃ) ငွေကြေး သက်သေခံ လက်မှတ် ရောင်းဝယ်ရေး လုပ်ငန်းပွဲစားများ (Securities Brokers)ငွေကြေးသက်သေခံ လက်မှတ်များ ရောင်းဝယ်ရေး ဆောင်ရွက်နေကြတဲ့ ပွဲစားတွေက မူရင်း ရန်ပုံငွေ ရင်းမြစ်တွေကို ဟန်ပြ လုပ်ဆောင်မှု နည်းလမ်းတစ်ခု အတွင်းမှာ ကြီးမားတဲ့ ငွေကြေးထည့်ဝင်မှုတွေကနေ တစ်ဆင့် ငွေကြေးခဝါချမှု လုပ်ငန်းကို ဖြစ်ထွန်း ပေါ်ပေါက်စေနိုင်တာ ဖြစ်တယ်။ 
♦ (င) ရန်ပုံငွေများ ရောနှောစေမှု (Blending of Funds)ငွေကြေးတွေကို ပုန်းဝှက် ဖုံးကွယ်စေနိုင်တဲ့ အကောင်းဆုံး နေရာက အခြားငွေကြေးတွေနဲ့ ရောနှောမှု ဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက ခဝါချမှုအတွက် ယာဉ်တွေ ဖြစ်လာနိုင်စေတယ်။ အခြားနည်းလမ်း တစ်ခုကတော့ ရှေ့ထွက် ကုမ္ပဏီတွေ တည်ထောင်ဖို့ ဥပဒေအရ ပိတ်ပင်ထားတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေက ငွေကြေးတွေကို ဆွဲယူ အသုံးပြုစေနိုင်မှု ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုကနေ တရားမဝင် ပိတ်ပင်ထားတဲ့ လုပ်ငန်းတွေက ရန်ပုံငွေတွေကို တရားဝင်လုပ်ငန်း လုပ်ဆောင်မှုတွေအတွင်း မှုန်ဝါးဝေမှု ဖြစ်စေတာ ဖြစ်ပါတယ်။♦ (စ) ပိုင်ဆိုင် ပစ္စည်းများ ဝယ်ယူမှု (Asset Purchase)ပိုင်ဆိုင် ပစ္စည်းတွေကို ငွေကြေးနဲ့ ဝယ်ယူမှုက ငွေကြေး ခဝါချမှုနဲ့ တန်းဝင် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်က သိသာ ထင်ရှားတဲ့ ထုလိုက်ထည်လိုက် ငွေကြေးတွေကို တူညီတဲ့ တန်ဖိုးရှိတဲ့ သိသာ ထင်ရှားမှု နည်းပါးတဲ့ ပုံစံအဖြစ် ပြောင်လဲတဲ့ နည်းလမ်းပုံစံတွေ ဖြစ်ပါတယ်။ဒီလို လုပ်ဆောင်မှုတွေကနေ ငွေကြေး ခဝါချခြင်း ပေါက်ကွဲမှု ဖြစ်လာစေနိုင်တယ်။ အသေးစား စီးပွားရေး လုပ်ငန်းတွေမှာ ကြောင်းကျိုးဆက်နွှယ်မှုတွေ ဖြစ်လာစေနိုင်တယ်။ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေကို စွန့်စားမှုတွေ ဖြစ်စေတယ်။ ငွေကြေးဆိုင်ရာ စနစ်ကိုလည်း စွန့်စားရမှု ဖြစ်စေတယ်။ ငွေကြေး ခဝါချမှုကနေ အခွန်ရှောင်မှုတွေ ဖြစ်လာစေတယ်။ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကုန်ကျစရိတ်တွေ ဖြစ်လာနိုင်စေတယ်။ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်မှုတွေ ဖြစ်လာစေနိုင်တယ်။■ ၂။ အလွှာ ဖြစ်စေမှု (Layering)ဒီအဆင့်ရဲ့ အဓိက ရည်ရွယ်ချက်က သတိပြုနိုင်စေမှု ဒါမှမဟုတ် သတိပြုနိုင်စေမှု ပိုမို ခက်ခဲစေမှုနဲ့ ငွေကြေးခဝါချ လုပ်ဆောင်မှုကို တွေ့ရှိနိုင်အောင် ဖြစ်တယ်လို့ ဆိုတယ်။ ဒါက တရားဥပဒေအရ ဖော်ထုတ်သူတွေကို တရားမဝင် လုပ်ဆောင်ချက်တွေကို ဆက်တိုက် လုပ်ဆောင်မှု လုပ်ငန်းစဉ်တွေ ခက်ခဲစေဖို့ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကတော့-♦ (က) ငွေကြေးကို ငွေကြေးဆိုင်ရာ ပစ္စည်း ကိရိယာအဖြစ် ပြောင်းလဲပစ်မှု (Cash converted into monetary Instruments)ဘဏ်တစ်ခု ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုရဲ့ နည်းလမ်းအားဖြင့် ငွေကြေးဆိုင်ရာ စနစ်အတွင်း ငွေကြေးရင်းမြစ်ကို မူလနေရာတွေကနေ ရွေ့လျားစေမှု တစ်ကြိမ် အောင်မြင်အောင် လုပ်ဆောင်ပြီးတဲ့ အခါမှာ လုပ်ငန်းတွေကို ငွေကြေးဆိုင်ရာ ကိရိယာတွေအဖြစ် ပြောင်းလဲနိုင်စေမှု ဖြစ်ပါတယ်။ ဒီအချက်တွေမှာ ဘဏ်လုပ်ငန်းရှင်ရဲ့ ဘဏ်ငွေလွှဲ လက်မှတ်တွေနဲ့ ငွေပို့လွှာတွေ အသုံးပြုမှုတွေ ပါဝင်ပါတယ်။♦ (ခ) ငွေကြေးနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချမှု (Materials Assets bought with cash then sold)တရားမဝင် ရန်ပုံငွေတွေနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းတွေကို နိုင်ငံတွင်း ဒါမှမဟုတ် နိုင်ငံခြားကို ပြန်လည်ရောင်းချနိုင်တာဖြစ်ပြီး ဒီလို လုပ်ဆောင်မှုကနေ ပိုင်ဆိုင် ပစ္စည်းတွေကို သဲလွန်စ ကောက်ယူနိုင်စေမှုနဲ့ ဖမ်းဆီးနိုင်စေဖို့ ပိုမို ခက်ခဲလာစေတာ ဖြစ်ပါတယ်။ 
■ ၃။ ယခင်က ငွေကြေး ခဝါချထားပြီးတဲ့ ငွေတွေကို ဘဏ်လုပ်ငန်းတွေကနေတစ်ဆင့် ရွေ့လျားစေမှု (Integration)ဒီလို လုပ်ဆောင်လိုက်တဲ့ အတွက် အဲဒီ ငွေကြေးတွေက ပုံမှန် စီးပွားရေး လုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေလို ဖြစ်သွားစေပါတယ်။ ဒါက အလွှာဖြစ်မှုနဲ့ မတူတာက အခု လုပ်ဆောင်ချက်ကို ခဝါချထားပြီး ငွေကြေးတွေကို သတင်းပေးသူတွေကနေ တစ်ဆင့် စုံစမ်းထောက်လှမ်း သိရှိနိုင်စေတာ ဖြစ်တယ်။ နည်းလမ်းတွေမှာတော့ -♦ (က) ပစ္စည်း အပေးအယူ လုပ်ဆောင်မှု (Property Dealing)ငွေကြေး ခဝါချထားပြီး ဖြစ်တဲ့ ငွေတွေနဲ့ ပစ္စည်း အရောင်းအဝယ်တွေ ပြုလုပ်မှုက ရာဇဝတ်မှု လုပ်ဆောင်မှုတွေအကြား စီးပွားရေး လုပ်ငန်းအတွင်း ပြန်လည် ငွေကြေး ဝင်ရောက်စေမှုက လက်တွေ့ လုပ်ဆောင်နေကျ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဘာလုပ်ငန်းတွေမှ မရှိတဲ့ ကုမ္ပဏီတွေကို ရာဇဝတ်မှု ဆိုင်ရာ အဖွဲ့တွေက အသုံးပြုပြီး ပစ္စည်းတွေ ယူစေရာကနေ လုပ်ငန်းစဉ်တွေက တရားဝင်ပုံစံ ဖြစ်သွားစေတာ ဖြစ်တယ်။♦ (ခ) ရှေ့တန်း ကုမ္ပဏီတွေနဲ့ အမှားဖြစ်တဲ့ ချေးငွေများ (Front Companies and False Loans)အဖွဲ့အစည်းရဲ့ လျှို့ဝှက် ဥပဒေ အနေနဲ့ နိုင်ငံတွေအတွင်း ဖွဲ့စည်း တည်ထောင်ထားကြတဲ့ ရှေ့တန်း ကုမ္ပဏီတွေမှာ ရာဇဝတ်မှု ကျူးလွန်သူ အချင်းချင်းက သူတို့ကိုယ်တိုင် သူတို့ရဲ့ ကိုယ်ပိုင် ခဝါချထားတဲ့ လုပ်ငန်းတွေကို ဥပဒေအရ လုပ်ဆောင်ချက်တွေ အသွင်နဲ့ ဆောင်ရွက်ကြတာမျိုး ဖြစ်ပါတယ်။♦ (ဂ) နိုင်ငံခြားဘဏ်၏ ပိုမိုရှုပ်ထွေးစေမှု (Foreign Bank Complicity)လူသိများတဲ့ နိုင်ငံခြား ဘဏ်တွေကို အသုံးပြုပြီး ငွေကြေးခဝါချမှု ပြုလုပ်ခြင်းက ပိုမို မြင့်မားတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်စေဖို့ ပိုမို ခက်ခဲတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာစေပါတယ်။ ဒါက ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှု ဖြစ်စေရုံမျှမက ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေတွေနဲ့ အခြား အချုပ်အခြာပိုင် နိုင်ငံတွေရဲ့ ဘဏ်လုပ်ငန်း စည်းကမ်း ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်စေပါတယ်။♦ (ဃ) မှားယွင်းတဲ့ သွင်းကုန် ထုတ်ကုန် ပစ္စည်းတန်ဖိုး စာရင်းများ (False Import/Export Invoices)သွင်းကုန် ထုတ်ကုန် ကုမ္ပဏီတွေကနေ မှားယွင်းတဲ့ ကုန်ပစ္စည်းတန်ဖိုး စာရင်းတွေကို အသုံးပြုမှုကနေ စီးပွားရေး လုပ်ငန်းတွေ အတွင်းကို ဥပဒေအရ ပိတ်ပင်ထားတဲ့ လုပ်ဆောင်မှုတွေရဲ့ အင်မတန် ထိရောက်တဲ့ ပေါင်းစည်း လုပ်ဆောင်မှုတစ်ခု ဖြစ်စေပါတယ်။ ဒီလို လုပ်ဆောင်တဲ့အတွက် ထုတ်ကုန်တွေကနေ ပြည်တွင်းဘဏ်တွေ အတွင်းကို ဝင်လာနိုင်စေတဲ့ တန်ဖိုး ပိုမို ရေးသွင်းထားတဲ့ စာရွက်စာတမ်းတွေက တစ်ဆင့် ဝင်ရောက်လာစေမှုနဲ့ ဒါမှမဟုတ် ထုတ်ကုန်တွေကနေ ရန်ပုံငွေ တန်ဖိုး မြင့်မားစွာ ဝင်ရောက်လာနိုင်စေပါတယ်။ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး စာရေးသူတို့ နိုင်ငံအတွင်းမှာ ငွေမည်းလျှော်ဖွပ်မှုတွေကို ဖော်ထုတ်နိုင်စေဖို့နဲ့ ကာကွယ် တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်။ ငွေမည်းကို ငွေဖြူအဖြစ် ဆောင်ရွက်သူတွေက ဥပဒေနဲ့ မညီတဲ့ ရာဇဝတ်မှုနဲ့ မကင်းတဲ့ သမ္မာအာဇီဝနဲ့ မဟုတ်တဲ့ ငွေကြေးတွေကို နည်းလမ်းပေါင်းစုံနဲ့ Money Laundering လို့ခေါ်တဲ့ ငွေကြေးခဝါချမှု ပြုလုပ်တတ်ကြတာ ဖြစ်ကြောင်းပါ။
Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၁)
Money Laundering ကို ဆန်းစစ်ကြည့်ခြင်း (၃)