ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရုံးများတွင် လစ်လပ်လျက်ရှိသည့် အမှုထမ်းရာထူး နေရာများအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဌာနများတွင် ဓာတ်ခွဲခန်းကျွမ်းကျင်(၃)၊ အငယ်တန်းစာရေး (စာရေး ၁)၊ ယဉ်မောင်း၊ စာကူးစက်လှည့်၊ စက်မောင်း၊ လုပ်သား (သိပ္ပံခန်း)၊ ကျောင်း/ရုံးအကူ၊ သန့် ရှင်းရေး အကူ၊ လုပ်သား (ဥယျာဉ်)၊ အထွေထွေလုပ်သား စသည့် ရာထူးနေရာများ လစ်လပ်လျက်ရှိပြီး ဓာတ်ခွဲခန်း ကျွမ်းကျင်ရာထူး အတွက် အနိမ့်ဆုံး ပညာအရည်အချင်း B.Sc(Chem) ဘွဲ့ရရှိသူ၊ အငယ်တန်း စာရေး ရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိသူ၊ ကျန်ရာထူးများအတွက် အခြေခံပညာ အလယ်တန်းအဆင့် (အဋ္ဌမတန်း)အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ထုတ်ယူနိုင်ပြီ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်နောက်ဆုံးထား၍ ပြန်လည် ပေးပို့ လျှောက်ထားရမည်ဖြစ်သည်။
လျှောက်လွှာနှင့်အတူ သတ်မှတ်ထားသော ပညာအရည်အချင်း (ဘွဲ့/တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် မိတ္တူ၊ အဋ္ဌမတန်း အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်မိတ္တူ၊ အိမ်ထောင်စုဇယား မိတ္တူ၊ ကာယကံရှင်နှင့် အမိ အဘတို့၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးမှ မှတ်ပုံတင်လက်မှတ် (လေဘာ)တို့ ပူး တွဲတင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ခွဲခန်းကျွမ်းကျင်(၃) ရာထူးနှင့် အငယ်တန်းစာရေး (စာရေး ၁) ရာထူး လျှောက်ထားသူများသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ရုံးစိုက်ရာ မန္တလေးမြို့တွင် အထွေထွေ ဗဟုသုတ ၁ နာရီမေးခွန်း ဖြေဆိုရမည် ဖြစ်သည်။
လူတွေ့စစ်ဆေးခွင့်ရသူ ရေးဖြေအောင်စာရင်းအား ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
ရာထူးအားလုံးအတွက် လူတွေ့ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ရုံးစိုက်ရာ မန္တလေးမြို့တွင် စစ်ဆေးသွားမည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ခရိုင်/ မြို့နယ် ပညာရေးမှူးရုံးများတွင် စုံစမ်းနိုင်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများနှင့် ရုံးများတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူးများ ခေါ်ယူလျက်ရှိပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် လျှောက်လွှာများ အခမဲ့ထုတ်ယူနိုင်















