ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအမှုမှ တရားလိုပြသက်သေများ စစ်ဆေးပြီးသောကြောင့် နှစ်ဖက်လျှောက်လဲချက်တင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအမှုမှ တရားလိုပြသက်သေများ စစ်ဆေးပြီးသောကြောင့် နှစ်ဖက်လျှောက်လဲချက်တင်မည်
Published 11 February 2016
နီလာစိုး (ပုသိမ်)

ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ၤ Facebook ပေါ်တွင် တင်ခဲ့သည့်ပြည်ခိုင်ဖြိုးပါတီမှမြို့နယ် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအမှုအား ဖေဖော်ဝါရီ ၁၁ ရက်တွင် (၉) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီး တရားလိုပြသက်သေများ စစ်ဆေးပြီးသဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင် နှစ်ဖက်ရှေ့နေများမှ စွဲချက် လျောက်လဲချက်တင်မည်ဟု သိရသည်။(၉) ကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာတွင် နောက်ဆုံးကျန်ရှိနေသည့် တရားလိုပြသက်သေ ဦးညွှန့်စော (ဦးစောညွှန်)နှင့် အမှုစစ်ရဲ အရာရှိ ဦးရဲလွင်တို့အား စစ်ဆေးခဲ့ကြောင်း ကန်ကြီးထောင်မြို့နယ် တရားရုံးမှသိရသည်။“ကျွန်တော်က ကိုစည်သူနဲ့လည်း သိတယ်။ ကိုသန်းထွန်းကိုလည်း သိပါတယ်။ ကျွန်တော် အောက်တိုဘာလ ည ၉ နာရီကျော်လောက်မှာ Facebook ဖွင့်ကြည့်လိုက်တော့ ကျွန်တော်အကောင့်နဲ့ သူငယ်ချင်းဖြစ်နေတဲ့ အကောင့်က Share လုပ်ထား လို့ ကျွန်တော်တွေ့ပြီး တင်ထားတဲ့အကောင့်ကို ကြည့်လိုက်တော့ ThuThu အကောင့်နဲ့ တင်ထားပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ လွတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း၊ ဦးချစ်လွင်၊ ဒေါ်ခင်စောမူတို့ မဲဆွယ်စည်းရုံးမှု လုပ်နေတဲ့ ပုံတွေပါပြီးတော့ ကိုသန်းထွန်းရဲ့အကောင့်လို့သိခဲ့ရပါတယ်၊ နောက်ကိုစည်သူတို့မှ တရားလိုပြုတိုင်တော့ ကျွန်တော်က တရားလိုပြ သက်သေအဖြစ် ထွက်ပးတာပါ}} တရားလိုပြ သက်အဖြစ်စစ်ဆေးခံရသူ ဦးညွှန်စောက ပြောကြားသည်။တရားလိုပြ သက်သေအားစစ်ဆေးပြီး နောက်အမှုစစ် ရဲအရာရှိ ဦးရဲလွင်အား စစ်ဆေးရာတွင် ဦးစည်သူအောင်မှ တရားလိုပြု တိုင်တန်းသောကြောင့် စစ်ဆေးတွေရှိချက်များအား ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ တရားရုံးသို့အမှု ဖြစ်စဉ်များတင်ပြခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတော်တွင် ထွက်ဆိုချက်များအရ သိရသည်။ အဆိုပါအမှုမှာ စွပ်စွဲခံရသူ ဦးသန်းထွန်းအား ပြစ်မှုအမှတ် ၁၅၇/၂၀၁၅ ပြစ်မှု ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သောအမှုဖြစ်ကာ ကန်ကြီးထောင့်မြို့မ ရဲစခန်းမှ (ပ) ၁၅၇ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သော အမှုဖြစ်သည်။                                  

Most Read

Most Recent