Star Wars ရုပ်ရှင်၏ ဝင်ငွေ ဒေါ်လာ နှစ်ဘီလျံအထိ ရှိလာ

Star Wars ရုပ်ရှင်၏ ဝင်ငွေ ဒေါ်လာ နှစ်ဘီလျံအထိ ရှိလာ
Published 9 February 2016

ယခု တစ်ပတ်မြောက် အမေရိကား ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများ စာရင်းတွင် Kung Fu Panda 3   က ဒေါ်လာ ၂၁ သန်းဖြင့် ထိပ်ဆုံးနေရာကို ရရှိခဲ့ပြီး ကိုဟင်ညီအစ်ကို၏ Hail Caesar က ဒေါ်လာ ၁၁ ဒသမ ၄ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
Star Wars ရုပ်ရှင်က ယခု တစ်ပတ်တွင် ဒေါ်လာ ၆ ဒသမ ၉ သန်းဖြင့် စတုတ္ထနေရာရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းဝင်ငွေ ဒေါ်လာ နှစ်ဘီလျံအထိ ရရှိသွားခဲ့သည်။
Star Wars သည် ဒေါ်လာ နှစ်ဘီလျံ အထိ ဝင်ငွေရှိခဲ့သော တတိယမြောက် ရုပ်ရှင် ဖြစ်ခဲ့သည်။
Star Wars သည် မြောက်အမေရိကတွင် ရုပ်ရှင်ရုံ ဝင်ငွေ ဒေါ်လာသန်း ၉၀၀ ကျော် ရရှိခဲ့ပြီး အမေရိက၌ ယင်းဝင်ငွေကို ရရှိခဲ့သည့် တစ်ခုတည်းသော ရုပ်ရှင်ဖြစ်ခဲ့ကြောင်း Disney က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Dream Works ရုပ်ရှင်က ထုတ်လုပ်သော Kung Fu Panda 3 ရုပ်ရှင်သည် အမေရိကန်တွင် ဝင်ငွေ ၆၉ ဒသမ ၅ သန်း ရရှိထားပြီး တရုတ်ပြည်မကြီးတွင် နှစ်ပတ်အတွင်း ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိခဲ့ပြီး ဖြစ်သည်။
Kung Fu Panda 3 သည် တစ်ကမ္ဘာလုံး၌ဝင်ငွေ ၁၉၈ ဒသမ ၁ သန်း ရရှိထားသည်။
ယခုတစ်ပတ် ဝင်ငွေအမြင့်ဆုံး ဇာတ်ကားများ စာရင်းတွင် လီယိုနာဒိုဒီကာပရီယို ၏ The Revenant က တတိယနေရာ ရရှိခဲ့ ပြီး ဒေါ်လာ ၇ ဒသမ ၁ သန်း ဝင်ငွေ ရှိခဲ့သည်။ ယခုတစ်ပတ် ပဉ္စမနေရာမှ ရုပ်ရှင်သည် နာမည်ကျော် စာရေးဆရာ နီကိုလပ် စပါ့သ်၏ The Choice ဖြစ်ပြီး ဒေါ်လာ ၆ ဒသမ ၁ သန်း ရရှိခဲ့သည်။

Most Read

Most Recent