ဘီယွန်းစေးက Super Bowl တွင် ဖျော်ဖြေခဲ့ပြီးနောက် ကမ္ဘာလှည့်ဖျော်ဖြေမည့် အစီအစဉ်ကို ကြေညာ

ဘီယွန်းစေးက Super Bowl တွင် ဖျော်ဖြေခဲ့ပြီးနောက် ကမ္ဘာလှည့်ဖျော်ဖြေမည့် အစီအစဉ်ကို ကြေညာ
Published 9 February 2016

အမေရိကန် ဘောလုံးချန်ပီယံပြိုင်ပွဲ နှစ် ၅၀ ပြည့် Super Bowl 50 တွင် အားလပ်ချိန်၌ ဝင်ရောက် ဖျော်ဖြေခဲ့သော ဂရမ်မီဆုရှင် အဆိုတော် ဘီယွန်းစေးက ၂၀၁၆ ခုနှစ်တွင် ကမ္ဘာလှည့် ဖျော်ဖြေမည့် အစီအစဉ်အား ဖေဖော်ဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။
မြောက်အမေရိကနှင့် ဥရောပတစ်ဝန်း ရှိ အားကစားရုံများတွင် ရက် ၄၀ ကြာ လှည့် လည် ဖျော်ဖြေမည့် အစီအစဉ်ကို ဧပြီ ၂၇ ရက်၌ မိုင်ယာမီတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး ဇူလိုင် ၃၁ ရက်တွင် ဘရပ်ဆဲ၌ အပိတ်ပွဲ ကို ဖျော်ဖြေမည် ဖြစ်သည်။
ဘီယွန်းစေး၏ ဖျော်ဖြေပွဲ အတွက် လက်မှတ်များကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အများပြည်သူကို စတင် ရောင်းချမည်ဖြစ် သည်။ ၂၀၁၅ ခုနှစ် တစ်ခုလုံး ငြိမ်သက်နေခဲ့သော ဘီယွန်းစေးသည်  Super Bowl မတိုင်မီ အကြိုညတွင် သီချင်းသစ် Formation ကို ဖြန့်ချိခဲ့သည်။
ထို့နောက် Super Bowl 50 တွင် ဘီယွန်းစေးက အားလပ်ချိန်တွင် Cold Play နှင့်အတူ ဖျော်ဖြေခဲ့ပြီး ပွဲ၏ စိတ်ဝင်စားမှုကို သိမ်းပိုက် ရယူခဲ့သည်။
ဘီယွန်းစေး သည်   Super Bowl 50  တွင် သူ၏ သီချင်း သစ် Formation ကို သီဆိုခဲ့ပြီး ပထမဆုံးအကြိမ် တိုက်ရိုက် ထုတ်လွှင့်ပြသမှုလည်း ဖြစ်ခဲ့သည်။
နယူးအော်လင်းတွင် Super Bowl ဖျော်ဖြေပွဲကို ဖျော်ဖြေပြီးနောက် တစ်နှစ်အကြာ ၂၀၁၄ ခုနှစ်တွင် ဘီယွန်းစေးသည် ခင်ပွန်းဖြစ်သူ ဂျေးဇီးနှင့်အတူ ကမ္ဘာပတ်ဖျော် ဖြေပွဲ on the Run Tour ကို နောက်ဆုံး ဖျော်ဖြေထားသည်။
၂၀၁၄ ခုနှစ် Super Bowl အားလပ်ချိန်တွင် ဖျော်ဖြေမှု၌ အထင်ရှားဆုံးဖြစ်ခဲ့သော အင်္ဂလိပ် အနုပညာရှင် ဘရုနိုမားစ်က  မြို့ပြဟန် အကအဖွဲ့နှင့် အတူ စင်ပေါ်သို့ ဦးဆောင် တက်ရောက်ခဲ့ပြီး သူ၏ နာမည်ကျော် Uptown Funk ကို ဖျော်ဖြေခဲ့သည်။
ယခုနှစ် Super Bowl ဖျော်ဖြေပွဲကို ရုပ်သံမှ ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိခဲ့ပြီး အ မေရိကန် ထိပ်တန်း ရုပ်သံ အစီအစဉ်တစ်ခု ဖြစ်ခဲ့သည်။ ဘီယွန်းဆေး၊ Cold Play နှင့် ဘရုနိုမားစ်တို့သည် စင်ပေါ်တွင် စုပေါင်းကာ Believe in Love သီချင်းကို အတူတကွ ဖျော်ဖြေခဲ့ကြသည်။
အများလက်မခံနိုင်ဖွယ် အဝတ်အစားများ၊ လိင်ပိုင်းဆိုင်ရာ အသားပေး ဖျော်ဖြေမှုများဖြင့် ထင်ရှားသော ပေါ့ပ်အဆိုကျော် လေဒီဂါးဂါးက အနီရောင်ဝတ်စုံကို ဝတ်လာခဲ့ပြီး Super Bowl ပွဲအစတွင် အမျိုးသား သီချင်းကို ဂန္တဝင်နှင့် ဂျက်ဇ်ဟန် ရော၍ ဖျော်ဖြေခဲ့သည်။

Most Read

Most Recent