တစ်ပတ်အတွင်း အရောင်းရဆုံး စာအုပ်များစာရင်းနှင့် ထွက်ရှိထားသည့်စာအုပ်များ
စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအတွက် တစ်ပတ်အတွင်း အရောင်းရဆုံး စာအုပ်များနှင့် ထပ်မံဖတ်ရှုရန် အသစ်ထွက်ရှိထားသော စာအုပ်များကို ဖော်ပြပေးလိုက်ပါတယ်။
■ အရောင်းရဆုံး စာအုပ်များ
ဒီတစ်ပတ်ရဲ့ အရောင်းရဆုံး စာအုပ်များရဲ့ ပထမနေရာမှာတော့ ဆရာမင်းလူရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ပဲ ဖြစ်ပါတယ်။
၁။ မင်းလူ (ဝတ္ထုတိုပေါင်းချုပ်)
၂။ ပုညခင် (အနောက်တောင်အရပ်မှ လာခဲ့သူ)
၃။ ဦးနု (ရှေ့တန်းခေါင်းဆောင် ဖြစ်လိုသော်)
၄။ မာရင်ရင် (မနုဿ၏ စာမျက်နှာလေးများ)
၅။ မင်းသုဝဏ် (နှလုံးလှပုံပြင်များ)
၆။ ဒေါက်တာဗန်ကုန်း (ဒေါ်အောင်ဆန်းစုကြည်၏ ‘အကြောက်တရားမှ လွတ်မြောက်ခြင်း’အား သမ္မာကျမ်းစာရှုထောင့်မှ ဖတ်ရှုခြင်း)
၇။ ကိုမော်(အောင်သမာဓိ) (မြန်မာ့ရွှေသမိုင်း)
၈။ ပညာရှိရာသို့ ခြေလှမ်းများစွာ
၉။ မာန်(တောင်လုံးပြန်) (တစ်ခါတုန်းက မြန်မာပြည်မှာ)
၁၀။ ပေါက်ပေါက် (အိမ်တိုင်းဆောင်ထား ကျန်းမာရေးသိမှတ်စရာများ) စတဲ့ စာအုပ်တွေကတော့ တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်တွေ ဖြစ်တယ်လို့ ဇန်နဝါရီ ၃၁ ရက်က စာပေလောကကနေ ထုတ်ပြန်ထားတာပါ။
စာပေလောကမှ ထုတ်ပြန်ထားသည့် တစ်ပတ်အတွင်း အရောင်းရဆုံးစာအုပ်များ(Photo -စာပေလောက)
နောက်ထပ် အသစ်ထပ်မံ ထွက်ရှိထားတဲ့ စာအုပ်တွေကကတော့
၁။ ခင်မောင်သန်း (မန္တလေး) (ရေဆေးပန်းချီကားများ)
၂။ ကလေးကြိုက်၊လူကြီးကြိုက် တစ်ခေတ် ပန်းချီဆရာကြီး ဦးစိန်၏ ကာတွန်းများ
၃။ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ၂၀၁၆ ဆေးဝါးမိတ်ဆက်နှင့် အသုံးများ ဆေးဝါးလမ်းညွှန်
၄။ မြန်မာနိုင်ငံ ဥပဒေများ အညွှန်း
၅။ ဥပဒေ အသုံးအနှုန်းများ
၆။ စိုးခိုင်ညိန်း (စွယ်တော်ရွက်ပေါ်က မြေပုံအညွှန်း)
၇။ လှထွဋ် (ဖေ၊ ပု၊ ရှိန်)
၈။ ဒေါက်တာခင်မောင်ညို (အသိဉာဏ်မဲ့ခြင်းဟာ အပြစ်လား)
၉။ စိုးမြင့်လတ် (ကလေးများအတွက် မြန်မာ့သုတစွယ်စုံ အသိဉာဏ်)
၁၀။ ဖုန်းရွှေ (ချမ်းသာကြီးပွား အောင်မြင်ရေး နည်းလမ်းများ)
၁၁။ ကိုတာ (လှည်းဘီးတစ်ဘီး)
၁၂။ ဇေဝင်းနောင် (သမိုင်းသစ်အာရုဏ်ဦး)
၁၃။ မင်းသိင်္ခ (မိုးမြေ)















