၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လကျော်သာ ကျန်တော့သော်လည်း လက်ရှိအချိန်တွင် ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဆန်တန်ချိန်ရှစ်သိန်းကျော်သာ တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းခွဲကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန် ၈၃၀၅၆၇ ကျော် တင်ပို့ထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၈ သန်းကျော်ဖိုး ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် ပြည်ပဆန်တင်ပို့မှု အနေအထားကို ယခင်နှစ် ကာလတူ ဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ကြည့်ပါက တန်ချိန်အားဖြင့် ၁၅၂၆၁၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၂ သန်းကျော်ဖိုး လျော့နည်းလျက်ရှိကြောင်း သိရသည်။
ပြည်ပသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၂၈၉၇၅၂ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၉ သန်းကျော်ဖိုးရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၆၆၄၄၈ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ သန်း ကျော်ဖိုးရှိကြောင်း သိရသည်။
“ဒီနှစ်မှာ ပြည်ပကို ဆန်တင်ပို့မှု လျော့မယ်ဆိုတာ မှန်းထားပြီးသားပါ။ ဘာလို့လဲဆိုရင် အားလုံးသိတဲ့အတိုင်း မိုးတွင်းတုန်းက ရေကြီးမှုတွေဖြစ်ခဲ့တယ်။ စိုက်ဧကတွေ ထိခိုက်ပျက်စီးတယ်။ အချိန်မီ ပြန်စိုက်တယ် ဆိုပေမယ့် အကုန်လုံး ကာဗာမဖြစ်ပါဘူး။ ရေလွှမ်းမိုးမှုဒဏ် မခံရတဲ့ တချို့ဒေသတွေ ကျပြန်တော့လည်း တကယ်တမ်း စပါးထွက်ချိန်မှာ မြစ်ပိုးကိုက်တာတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ သီးနှံအထွက်နှုန်းက ထက်ဝက်လောက် ကျတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနှစ် ဆန်တင်ပို့မှုက သေချာပေါက် မနှစ်ကထက် ကျမယ်၊ စပါးဈေးကတော့ စပါးစပေါ်ကတည်းက ဈေးကောင်းရနေတော့ တောင်သူတွေက အဆင်ပြေတာပေါ့”ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ဆန်တင်ပို့ရာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇၉၁၀၈၇ တင်ပို့မှုမှ ဒေါ်လာ ၃၀၈ သန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၃၄၂၆၅ တင်ပို့မှုမှ ဒေါ်လာ ၅၂၈ သန်းကျော်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀၆၆၄၁၄ ခန့်တင်ပို့မှုမှ ဒေါ်လာ ၃၈၀ သန်းကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၃၆၅၀၀၀ တန် တင်ပို့မှုမှရငွေ ဒေါ်လာ ၅၀၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လကျော်သာ ကျန်တော့သော်လည်း ပြည်ပသို့ ဆန်တန်ချိန် ရှစ်သိန်းကျော် တင်ပို့ထားပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းခွဲကျော် လျော့ကျနေ















