ထိုင်းနိုင်ငံနှင့် ကယားပြည်နယ် ပူးပေါင်း၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးပါက ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည်

ထိုင်းနိုင်ငံနှင့် ကယားပြည်နယ် ပူးပေါင်း၍ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးပါက ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည်
Published 10 January 2016

ထိုင်းနိုင်ငံနှင့် ကယားပြည်နယ် ပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်ပြီးပါက ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဝန်ကြီးဌာနမှ သိရသည်။ထို့ပြင် ကယားပြည်နယ်နှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုကို မကြာမီ ကာလအတွင်း မယ်စဲ့မြို့တွင် ဖွင့်လှစ်နိုင်ရန်နှင့် ကယားပြည်နယ်ရှိ မယ်စဲ့မြို့နှင့် မယ်ဟောင်ဆောင်ဒေသကို နယ်စပ် BP 13 မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အခြေခံ အဆောက်အအုံများကို စတင်ဆောက်လုပ်နေပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍသာမက ခရီးသွားကဏ္ဍပါ ပူးပေါင်းဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့နှင့် မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သိရသည်။ကယားပြည်နယ် အနေဖြင့်လည်း ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်တော့မည့်အပြင် ထိုင်းနိုင်ငံအနေဖြင့်လည်း မယ်စဲ့-ဖားဆောင်း-မောချီး-တောင်ငူလမ်းကြောင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းပိုင်းအထိ အပြန်အလှန် ကုန်သွယ်မှုများ ပြု ုပ်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ထို့နောက် ကယားပြည်နယ်ရှိ လွိုင်ကော်-ဒီမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း-မယ်စဲ့ လမ်းကြောင်းမှ တစ်ဆင့်လည်း ရှမ်းပြည်နယ်တောင်ပိုင်းအထိ ကုန်သွယ်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးပါက ထိုင်းနိုင်ငံမှ တစ်ဆင့် ထိုင်းနိုင်ငံသားများသာမက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများပါ ကယား ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။သံလွင်မြစ်၊ ဘီလူးချောင်း၊ ထူးချောင်းနှင့် ပွန်ချောင်းများသည် တိုင်းရင်းသားပြည်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို များစွာအထောက်အကူ ပြုလျက်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် သံလွင်တံတား(ဖားဆောင်း) ဖွင့်ပွဲနှင့်အတူ မကြာမီ ဖွင့်လှစ်တော့မည် နယ်စပ် ကုန်သွယ်ရေးစခန်းတို့သည် ကယားပြည်နယ် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများနှင့်အတူ စိန်ခေါ်မှုများပါ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ထို့ပြင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် ခရီးသွားကဏ္ဍတွင် သာလွန်နေသဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် ဆက်ဆံရေးရရှိနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကယားပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေးအတွက် သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (လွိုင်ကော်)မှ ဦးစီးအရာရှိ ဒေါ်အေးအေးလှိုင်က ပြောကြားသည်။အဆိုပါ ကယားပြည်နယ်တွင် လုပ်ဆောင်မည့် စီမံကိန်းသည် လုပ်ဆောင်ဆဲ ကာလဖြစ်ပြီး အမျိုးသားပို့ကုန် မဟာဗျူဟာ၏ ဦးစားပေး ကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြောင်းလည်း သိရသည်။        

Most Read

Most Recent