ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်အမျိုးသား အလံတင်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်အမျိုးသား အလံတင်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
Published 10 January 2016

ကရင် အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်အမျိုးသား အလံတင်အခမ်းအနားအား ဇန်နဝါရီ ၁၀ရက် နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာ၊ အာလိန်ငါးဆင့်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ကရင်အမျိုးသား အလံတော်လွှင့်ထူမှုအား ကရင်အမျိုးသာနှစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ ပါမောက္ခ မန်းရွှေပြည်အေးမှ အလံလွှင့်ထူပေးခဲ့ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့ကို အလေးပြုကာ ကရင်အမျိုးသားသီချင်းသီဆိုကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်းလည်း သိရသည်။ကရင်အမျိုးသားအလံတင်အခမ်းအနား ပြီးဆုံးပြီးနောက် နံနက် ၇ နာရီအချိန်တွင် ဟောပြောပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ၊ နံနက် ၁၀နာရီတွင် အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ မွန်းလွဲ ၁နာရီတွင် ရိုးရာလက်ဝှေ့ပွဲနှင့် ည ၇နာရီမှ စတင်ကာ ရိုးရာအကများ၊ တေးသီးချင်းများ၊ ဒုံးပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် ဇန်နဝါရီ ၉ရက်နေ့ကလဲ  ကရင်ရိုးရာလက်ရည်ယှဉ် (လက်ဝှေ့)ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး ညပိုင်းတွင် ကရင်ရိုးရာအကများ၊ တေးသီချင်းများ၊ ဒုံးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ကရင်အမျိုးသားနေ့ ကျင်းပပြုလုပ်သည့် အာလိန်ငါးဆင့်ကျောင်းတွင် ဖျော်ပြေပွဲများအပြင် ယဉ်ကျေးမှုပြခန်းနှင့် ဆက်စပ်ပြသထားသည့် သတင်းနှင့်ပြန်ကြားရေးပြခန်းတွင် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များ၊ ကရင်တော်လှန်ရေးခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ စာရွက်များအား ခင်းကျင်းပြသထားသည်။ထို့နောက် ဇန်နဝါရီ ၁၁ ရက် ညပိုင်းတွင်  အနိုင်ရဒုံးအဖွဲ့များ ဆုပေးခြင်း၊ ဒုံးအကများဖြင့် ဖျော်ဖြေခြင်း၊တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ပြုလုပ်မည်ဖြစ်သည်။(၇၈)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က ကရင်လူမျိုးများအတွက် နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ထားကြောင်း သိရသည်။  

Most Read

Most Recent