လေဒီဂါဂါ Billboard ၏ ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် ဂုဏ်ပြုခံရ

လေဒီဂါဂါ Billboard ၏ ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် ဂုဏ်ပြုခံရ
Published 13 December 2015

အဆိုတော် လေဒီဂါဂါသည် နယူးယောက်၌ ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် Billboard မဂ္ဂဇင်း၏ Women In Music ပွဲတွင် ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံး အဆိုတော်အဖြစ် ဂုဏ်ပြုခံခဲ့ရသည်။“တစ်ခါတလေ ဂီတလောကမှာ အမျိုးသမီးတွေအတွက် အခက်အခဲတွေ ရှိတယ်။ ဂီတပညာရှင်တစ်ဦး ဖြစ်ချင်လို့ ကျွန်မ အချိန်အကြာကြီး ကြိုးစားခဲ့ရတယ်” ဟု ဂါဂါက ဆုလက်ခံရယူစဉ် ပြောကြားခဲ့သည်။အသက် ၂၉ နှစ်အရွယ်ရှိ ဂါဂါသည် ယင်းဆုပေးပွဲတွင် သူ၏မိခင် စင်သီယာ ဂျာမန်နွတ်တာကို စင်မြင့်ထက်မှ မိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။ ကလေး အရွယ်တွင် မိခင်ထံမှ စန္ဒယားတီး သင်ယူခဲ့ရာမှ ဂီတဝါသနာအိုး ဖြစ်သည်ကို သိရှိခဲ့သည်ဟု ဂါဂါက ပြောကြားခဲ့သည်။လေဒီဂါဂါသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအကြောင်း မှတ်တမ်းရုပ်ရှင် The Hunting Ground အတွက် ရေးစပ်သီဆိုခဲ့သည့် Til It Happens to You သီချင်းဖြင့် ၂၀၁၆ ခုနှစ် ဂရမ်မီဆုပေးပွဲတွင် အကောင်းဆုံးတေးရေးဆု ရရန် လျာထားခံခဲ့ရသည်။ ထို့အပြင် ဒီဇင်ဘာ ၉ ရက်က ထွက်ရှိခဲ့သည့် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်လည်း American Horror Story ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအတွက် လျာထားခံခဲ့ရသည်။“အဆိုတော်ဖြစ်လို့ ဘာလုပ်လုပ်ရတယ်လို့ လူတချို့က ထင်ချင် ထင်လိမ့်မယ်။ သရုပ်ဆောင်လုပ်တဲ့ အခါမှာလည်း ကျွန်မ အလုပ်ကို ကြိုးစားခဲ့ပါတယ်” ဟု ဂါဂါက ပြောကြားခဲ့သည်။‘ဂီတနယ်ပယ်တွင် ဦးဆောင်မှု၊ ပင်ကိုစွမ်းရည်ရှိမှု၊ ပရဟိတ လုပ်ဆောင်မှု၊ ဂီတအတွက် တီထွင်ဖန်တီးမှု စသည့် အချက်များကြောင့် ဂါဂါကို ၂၀၁၅ ခုနှစ်အတွက် သြဇာလွှမ်းမိုးမှု အရှိဆုံး အဆိုတော်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်’ ဟု Billboard က ထုတ်ပြန်ခဲ့သည်။ ယခုနှစ် Women In Music ပွဲတွင် အမေရိကန်ရော့ခ်အဖွဲ့ Alabama၊ လိုရီတာလင်း၊ ဒီမီလိုဗာတို၊ ဆလီနာဂိုမက်ဇ်၊ လာနာဒေးရေး၊ တိုရီကယ်လီ အပါအဝင် ဂီတနယ်ပယ်၌ သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၅၀ ကိုလည်း ဂုဏ်ပြုဆု ချီးမြှင်ခဲ့သည်ဟု သိရသည်။ အမေရိကန် အဆိုတော် Missy Elliott ကို ၂၀၁၅ ခုနှစ်၏ တီထွင်ဖန်တီးသူအဖြစ် ဂုဏ်ပြုခဲ့သည်။တေလာဆွစ်ဖ်၊ ပင့်ခ်၊ ကေတီပယ်ရီနှင့် ဘီယွန်းစေးတို့သည်လည်း Billboard မဂ္ဂဇင်း၏ သြဇာလွှမ်းမှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် ရွေးချယ်ခံရဖူးသည်။

Most Read

Most Recent