ဗကသကျောင်းသားခေါင်းဆောင်များအနေဖြင့် သေရေးရှင်ရေးမှသာ အာမခံရယူမည်ဟု ကိုမင်းသွေးသစ် ပြောကြား

ဗကသကျောင်းသားခေါင်းဆောင်များအနေဖြင့် သေရေးရှင်ရေးမှသာ အာမခံရယူမည်ဟု ကိုမင်းသွေးသစ် ပြောကြား
Published 10 December 2015
သက်မင်း

သာယာဝတီအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင်များအနေဖြင့် သေရေးရှင်ရေး အခြေအနေမှသာ အာမခံရယူပြီး တရားရင်ဆိုင်မည်ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။
 
“ကျွန်တော်တို့ ဗကသ ဗဟိုလုပ်ငန်းကော်မတီအနေနဲ့ကတော့ အာမခံယူပြီး တရားမရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတယ်။အကုန်လုံးက သပိတ်စစ်ကြောင်း စကတည်းက အခုထိ ဗကသရဲ့ဦးဆောင်မှုကို ယုံလို့လုပ်တာကို ကျွန်တော်တို့ ဗဟိုလုပ်ငန်းကော်မတီက အာမခံယူတဲ့အလုပ် မလုပ်ပါဘူး။ထောင်ထဲမှာရှိသမျှ လူအကုန်လွှတ်ပေးတာပဲဖြစ်ဖြစ်၊ လူအကုန်ကို အာမခံပေးတာပဲဖြစ်ဖြစ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒီလိုမှ မဟုတ်ဘဲနဲ့တော့ ကျွန်တော်တို့ မလုပ်ပါဘူး။ သေရေးရှင်ရေး အခြေအနေတွေရှိလာမှသာ အာမခံယူဖို့ စဉ်းစားဆုံးဖြတ်ကြမှာပါ”ဟု ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ဆိုသည်။
 
ဆေးကုသမှုခံနေရသူမှာ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူ ၁၃ ဦးအထိရှိနေပြီး ဝန်းရံပြည်သူများနှင့် ကျောင်းသား အငယ်များကိုမူ တစ်ဦးချင်းဆန္ဒအရ အာမခံယူပြီး တရားရင်ဆိုင်ခွင့်ပြုထားကြောင်းကို မင်းသွေးသစ်က ပြောကြားသည်။
 
ထို့ပြင် ၎င်းက အာဏာပိုင်များက ကျောင်းသားများကို ရောဂါမဖြစ်ဘဲနဲ့ ဆေးရုံတက်သည်ဟု ယူဆနေကြကြောင်းနှင့် တကယ်တမ်းတွင် ရောဂါဝေဒနာ ခံစားနေရသော အချိန်များ၌ ဆေးကုသခွင့် မပေးသောကြောင့်သာ အခြေအနေပေးသောအချိန်၌ ယင်းကဲ့သို့ ဆေးကုသမှုခံယူရခြင်းဟု ဆက်လက်ပြောကြားသည်။                
 
 

Most Read

Most Recent