ရှမ်းပြည်နယ်တောင်ပိုင်း ၊ ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများဖြစ်သော ဝမ်ဝစခန်း၊ ဟိုက်ပါစခန်းနှင့် မိုင်းရှူးမြို့တွင်းရှိ ယာယီစခန်းများတွင် တိမ်းရှောင်နေကြသော ဒုက္ခသည်များသည် လိုအပ်ချက်ပေါင်းများစွာ ရှိနေကြပြီး အရေးတကြီး လိုအပ်နေသည်မှာ ရေသန့်ရှင်းမှုနှင့် အမျိုးသမီး အသုံးအဆောင်၊ အမျိုးသမီးဝတ်လုံချည်တို့ လိုအပ်နေကြကြောင်း ဒေသခံများထံမှ သတင်းရသည်။အဆိုပါ စခန်းများတွင် ရေမသန့်ရှင်းမှု၊ ရေလုံလောက်စွာ မရရှိမှု၊ ယင်လုံအိမ်သာများ မရှိမှုတို့ကြောင့် ရောဂါဘယမျိုးစုံ ခံစားနေကြရကြောင်း သိရသည်။ မိုင်းရှူးနှင့် ဟိုက်ပါ တို့တွင် ရေမလုံလောက်မှုကြောင့် ရေမချိုးရခြင်း၊ မသန့်ရှင်းရခြင်းတို့ကြောင့် အရေပြားနှင့် ယားနာရောဂါ မျိုးစုံတို့ ဖြစ်ပွားနေကြပြီး၊ ယင်လုံအိမ်သာမရှိမှုကြောင့် ဝမ်ဝတွင်လည်း ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှောရော ဂါများ ဖြစ်ပွားနေကြကြောင်း သိရသည်။“ ဒီနေ့တော့ နယ်စည်းမခြား ဆရာဝန်တွေ ဝမ်ဝကို လာမယ်လို့ ကြားတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာက ရေကြောင့်ပဲဖြစ်တာ။ ရေမချိုးဘဲနေနေတော့ ကုတ်လိုက် ယားလိုက်ဆိုတော့၊ ပလောင်တွေက ဘာသိလဲ၊ ဘာမှမသိဘူးလေ။ ရောဂါဖြစ်ပြီပေါ့။ ဟိုက်ပါမှာ ၁၅၀၀ အထက်ပဲ ရှိမယ်။ ဒီမှာတော့ လျော့တာမရှိဘူး။ ပိုပိုတိုးလာတာပဲ ရှိနေတယ်။ ရှိတယ်။ ဝမ်ဝဆိုရင် တစ်ထောင် ကျော်နေတယ်။ မိုင်းရှူးမှာ ၈၀၀ ကျော်တယ်။ ခုပိုများလာတယ်။ သူတို့က နေ့လယ်ဆို အလုပ်သွားလုပ်တယ်လေ။ နေ့လယ် ဝမ်ဆော့သွား။ ညကျတော့ပြန်လာ။ ဟိုမှာ မအိပ်ရဲဘူး။ စပါးသွားသွား ခြွေတာလေ။ လဲချားတော့ လျော့သွားတယ် ကြားတယ်။ မိုင်းနောင် က ဟာတွေလေ။ ဟိုက်ပါမှာ ယားနာတော့ ပေါက်တယ်တဲ့လေ။ အဝတ်အထည်ဆိုရင်တော့ တချို့ကလည်း အဟောင်းဆိုလေ။ သူတို့ကလည်း တကယ်။ သူတို့ကလည်း တမှောင့်ပဲ။ မာနကကြီးသေးတယ်။ မဝတ်တာတော့ မဟုတ်ဘူး။ တော်ရုံယူထားလိုက်တာပဲ။ ကလေးတွေတော့ များတယ်။ ကလေးဝတ်တွေတော့ လိုအပ်တယ်။ ကလေးအနွေးထည်တွေ လိုတယ်လေ။ နောက်ပြီးတော့ မိန်းမဝတ် (ထဘီ) လုံချည်တွေ လိုတယ်။ လုံချည်တွေ ဘယ်သူမှလှူတာ မရှိဘူးပဲ။ မိန်းမသုံး ဂွမ်းထုပ်တွေက တခြားမြို့နယ်တွေက လာလှူပေမယ့် သူတို့က သိပ်မသိဘူးလေ။ နည်းနည်းပါးပါးပဲရှိတယ်။ တစ်ဖာနှစ်ဖာပေါ့။ အရွယ်မရောက်တဲ့ ကလေးတွေအတွက်က အားဆေးတွေလိုမယ်။ ကောင်းကောင်း မစားရတဲ့ အချိန်ဆိုတော့ ဗီတာမင် လိုအပ်မှာပဲ။ ဟိုက်ပါကလေးတွေ တအားများတယ်။ စားလိုက်ရင်တော့ အမယာလေး ကလေးတွေကြည့် ပြီးတော့ ခေါင်းပါကိုက်တယ်။ ဟိုက်ပါ နော်”ဟု မိုင်းရှူးမှ ဒေါ်နန်းလောင်ဝမ်းက ဆိုသည်။“တိုက်ပွဲက ရေတိုဖြစ်မလား။ ရေရှည် ဖြစ်မလား မပြောတတ်တော့ လောလောဆယ်တော့ တစ်ပတ်စာတော့ လုံလောက်မှု ရှိနိုင်တယ်။ ဆန်အဓိကပဲလေ။ ရေတိုဖြစ်ရင် တစ်မျိုးပေါ့။ ကျွန်တော်တို့ မိုင်းရှူးက မြို့ကြီးနဲ့ လည်း အလှမ်းဝေးတော့ သွားရေးလာရေး ခက်ခဲမှု ရှိတယ်လေ။ ခရီးရှည်တာပေါ့ဗျာ။ လမ်းတွေလည်း သိပ်မဖွံ့ဖြိုးတော့လေ။ ခိုလမ် နမ့်စန်လွိုင်လင်လမ်းကနေ လာရတာလေ။ ကျန်းမာရေးက နမ့်ခုံးက လာတယ်လေ။ ဆရာဝန်တွေ လာတယ်” ဟု မိုင်းရှူးမြို့ရှိ ဒုက္ခသည်စခန်းတစ်ခုမှ စိုင်းအောင်လှက ဆိုသည်။“ အိမ်သာကို တွင်းတူးပြီးတော့ မိုးကာတွေ ကာရံထားတယ်ပေါ့။ တစ်နေရာနဲ့ တစ်နေရာ မတူဘူးပေါ့။ တချို့ကျောင်းတွေကလည်း တိုက်ပုလေးတွေနဲ့ နေရတာ။ တချို့ကျောင်းတွေကတော့ ယာယီပေါ့နော်။ မိုင်းရှူးမြို့ ရုန်းစန်းကျောင်းဘေးမှာ ရပ်ကွက် (၄) မှာ ကွင်းပြင်ထဲမှာ ယာယီတဲတန်းရှည်ကြီးတွေ ထိုးတာပေါ့။ လူ ၄၀၀ နီးနီးလောက်ဆံ့ တာပေါ့။ တဲကြီးက လေးတဲလောက် ရှိတာပေါ့။ အိမ်သာတွေကို တဲကြီးရဲ့ ဘေးနားမှာ တွင်းနက်နက်တူး ထုံးဖြူးတာတွေ လုပ်ပေးပါတယ်။ အိမ်သာက တစ်ခါသွားရင် လူခြောက်ယောက်စာတော့ ရှိပေမယ့် မလုံလောက်သေးပါဘူး” ဟု မိုင်းရှူးရှိ ရပ်ကွက်(၄) ဒုက္ခသည် စခန်းတာဝန်မှူးက ပြောကြားသည်။ရပ်ကွက်(၄)တွင် လားဟူနှင့်လီဆူးတို့သည် ၄၀၀ နီးပါးရှိကြောင်း သိရသည်။“ရေကောင်းကောင်း မချိုးရဘူး။ အိမ်သာလည်း မလုံလောက်ဘူး”ဟု ဝမ်ဆော့ရွာသား မိုင်းရှူးပေါ်တွင် စစ်ဘေးရှောင်နေသော စိုင်းကျော်ခမ်းက ပြောကြားသည်။
မိုင်းရှူးနှင့် ကျေးသီးတို့တွင် စစ်ဘေးဒုက္ခသည် တိုးပွားလာပြီးနောက်ပိုင်း အဝတ်အထည်၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများစွာ လိုအပ်လျက်ရှိ















