ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် စခန်းများဖြစ်သော ဝမ်ဝစခန်း၊ ဟိုက်ပါစခန်းနှင့် မိုင်းရှူးမြို့တွင်းရှိ ယာယီစခန်းများတွင် တိမ်းရှောင်နေကြသော ဒုက္ခသည်များ သည် ရေမသန့်ရှင်းမှု၊ ရေလုံလောက်စွာမရရှိမှု၊ ယင်လုံအိမ်သာများ မရှိမှုတို့ကြောင့် ရောဂါဘယမျိုးစုံ ခံစားနေကြရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
မိုင်းရှူးမြို့ရှိ ရပ်ကွက်(၄) ကွင်းပြင် တဲရှည်မိုးကာ မိုးထားသော ယာယီ စစ်ရှောင်စခန်းတွင် ယင်လုံ အိမ်သာ မလုံလောက်မှုများ ကြုံတွေ့နေရသဖြင့် အခက်အခဲများစွာ ရှိကြောင်း ယင်းစခန်းရှိ တာဝန်ခံက ပြောကြား သည်။
ရပ်ကွက် (၄) စခန်းတွင် ဒုက္ခသည်ပေါင်း ၄၀၀ နီးပါး ရှိနေပြီး၊ တွင်းတူးပြီး အကာအရံ ကာထားသည့် အိမ်သာသာ ရှိသဖြင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရကြောင်း တာဝန်ခံက ပြာ ကြားသည်။
“ ဟိုက်ပါက သွားလို့မရသေးဘူး။ မြို့ပေါ်က လူတွေနဲ့ ရောပြီးတော့ လိုက်သွားရင်တော့ ရတယ်။ နမ့်ခုံး အဖွဲ့နဲ့ ရောပြီးတော့ ပစ္စည်းလှူဖို့ သွားမယ်ဆိုရင်တော့ ရတယ်။ ဒီတိုင်းကတော့ ပေးမသွားဘူး။ ခုချိန်ကလည်း မငြိမ်သေးတော့လေ။ ဆန်တွေ အဝတ်တွေက လုံလောက်တယ်။ ငရုတ် ကြက်သွန်၊ ဆီဆား၊ အချိုမှုန့်တွေ အိမ်ထောင်သုံး မီးဖိုချောင်သုံး ပစ္စည်းတွေ လိုအပ်နေတယ်။ အိမ်သာကို ရပ်ကွက် (၄) မှာ တွင်းတူးပြီးတော့ ကာရံထားတာ လူခြောက်ယောက်စာတော့ ရှိပေမယ့် မလုံလောက်သေးပါဘူး”ဟု စခန်းတာဝန်ခံက ပြောကြားသည်။
ဟိုက်ပါ ဒုက္ခသည် စခန်းတွင် လူဦးရေ ၁၅၀၀ ကျော် ရှိနေသဖြင့် ရေမသန့်ရှင်းမှု၊ အိမ်သာ မလုံလောက်မှုများကြောင့် ယားနာများ ပေါက်နေကြောင်း သိရသည်။
“ဟိုက်ပါမှာ လူ ၁၅၀၀ လောက် ရှိတယ်လေ။ ရေမချိုးရလို့ ထင်တယ်။ ယားနာတွေ ပေါက်နေကြတယ်။ အိမ်သာကလည်း တစ်နေ့တုန်းကတော့ ငါးလုံးစာလောက် ငွေသွားလှူ ခဲ့သေးတယ်။ မလောက်သေးပါဘူး။ ရောဂါတွေ ဖြစ်နေကြတယ်။ ဘာတွေလိုအပ်နေလဲဆိုတော့ သက်ကြီး ရွယ်အိုတွေအတွက်ကို အားဆေးတွေ လိုနေတယ်။ ကလေးသူငယ်တွေအတွက် အားရှိမယ့် အာဟာရဖြစ်မယ့် အစားအစာနဲ့ မုန့်တွေ လိုအပ်နေတယ်။ ရေနွေးကရား အိုးကြီးတွေလည်း လိုတယ်။ ရေကို ကြိုသောက်မှရမယ်။ ဝမ်ဝမှာကလေးတွေ ဝမ်းလျောနေကြတယ် ကြားတယ်။ရေသန့်မရှိဘူး။ တွင်းရေပဲ သောက်နေရတယ်။ တောင်ပေါ်ကနေ သွယ်လာတဲ့ ရေပဲရှိတာပေါ့။ လူအများကြီးဆိုတော့ ရေမချိုးရလို့ ထင်တယ်။ ယားနာတွေ ပေါက်နေတယ်။ ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်နေတယ်။ အသားငါးလည်း တစ်ခါမှ မစားရဘူး ပြောနေတယ်။ ဒုက္ခသည် ဆိုတော့ သူများလှူတဲ့ အသီးအရွက်ပဲ ရမှာပေါ့လေ။ တောင်ကျောင်းနားမှာ လီဆူးနဲ့လားဟူက ၁၈၀ စီလောက် ရှိတယ်။ အိမ်သာလေး ငါးခုလောက်ရှိတယ်။ ဟိုက်ပါကတော့ အခက်အခဲ အများဆုံးပေါ့။ သွားလို့မရဘူး။ အခြေအနေ မကောင်းဘူး။ ညဆို ပစ်ကြခတ်ကြတော့ ကိုယ့်လာမှန်မှာကိုလည်း ကြောက်ရသေးတယ်။ ဟိုက်ပါနဲ့ ဝမ်ဝမှာ ဝမ်းပျက်ဝမ်းလျောနဲ့ ယားနာတွေ ဖြစ်နေကြတယ်”ဟု ကယ်ဆယ်ရေး သွားရောက်ခဲ့သော မိုင်းရှူးကျားခေါင်းပါတီမှ နန်းကောင်ခမ်းက ပြောကြားသည်။
ကျေးသီးမြို့နယ်တွင်းရှိ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိသော ဝမ်ဝစခန်းတွင်လည်း ကလေးငယ်များသည် ရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါများကို ခံစားနေကြရကြောင်း စခန်းတာဝန်ခံထံမှ သတင်းရရှိ သည်။
စစ်ဘေးဒုက္ခသည်များနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဌာနသည် ဘဏ္ဍာရေး လက်အောက်တွင် ရှိကြောင်း၊ လူကြီးများ ဟိုတယ်ဇုန် အစည်းအဝေး ထိုင်နေကြောင်း ပြောကြားသည်။
“ဒေါက်တာ ခင်မောင်ရီက ကွန်ဟိန်းမြို့ကပေါ့။ ကျန်းမာရေးအရ သွားကူညီ ပေးနေတာ နှစ်ခေါက် ရှိသွားပြီ။ ကျေးသီးဆေးရုံ၊ မိုင်းနောင် ဆေးရုံတွေလည်း ဖွင့်ထားပါတယ်။ တိုက်ပွဲ ဖြစ်နေတာဆိုတော့ ဝန်ထမ်းတွေလည်း ကြောက်လို့ဖြစ်မှာပေါ့။ ခုတော့ မပိတ်ပါဘူး။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပါ တယ်”ဟု ရှမ်းပြည်နယ် အစိုးရ - လူမှုရေးရာ ဝန်ကြီးဖြစ်သော ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးအား မေးမြန်းရန် ကြိုးစားသော်လည်း မီဒီယာများကို တွေ့လေ့မရှိ သဖြင့် မတွေ့နိုင်ကြောင်း၊ ခရိုင်ထွေအုပ်ကိုသာ မေးကြည့်ရန် ပြောကြားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ထပ်တိုးလာပြီး ရေမသန့်ရှင်းမှုနှင့် ယင်လုံအိမ်သာ မရှိမှုတို့ကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားနေ















